Saturday, April 6, 2013

အချစ်မရှိမှာပဲ ငါ

ရေး - ရဲလေး
ဆို - ရဲလေး

ကံကြမ္မာက သတ်မှတ်ခဲ့လို့စီစဉ်တာများ ဒီဒဏ်ရာက မင်းလုပ်ခဲ့လို့ အပီပြင်ပါကွာ ငါ့ချစ်သူ မင်းပုခုံးမှာ ပေးဆပ်ရင်းပဲ ငိုချင်လာတာ အရှုံးတွေနဲ့ပဲ သည်းခံပြီးငါပြုံးနေခဲ့တယ် ဘယ်သူမှမသိတဲ့ အချိန်တွေမှာ တွေ့ပြီးပြန်ကြပြီ မင်းသိပ်ဖြစ်ချင်နေတာက အပေါင်းအသင်းတွေကြားမှာ စံပြအတွဲ ပြန်မရခဲ့ စတွေ့ချိန်က ကြားခဲ့တဲ့ စကားသံကို အခုတော့ တစ်ခြားစီပဲ ငါ့ဖက်ကချည်း မှားပြန်လို့ ချိန်ထားတဲ့ ပြက္ခဒီက နေ့ရက်တွေသာ ပြောင်းလာမယ် တယ်လီဖုန်းပြောရင် လေသံတွေက မာပြီး ဖောင်းလာတယ် ဘယ်ဆီမှာလဲ အရင်က နေ့ရက်များစွာက တစ်ခါတစ်လေမှာ စိတ်ကုန်တာ တဒင်္ဂသွေးပျက်သွားတာပါ ယောက်ယက်ခတ်ပြီး ချစ်ခဲ့တာ တကယ် အတွင်းထိရူး ဒါတွေနဲ့ပတ်သက်ရင် ငါ့မျက်ရည်လွယ်တာ မင်းမသိဘူး ဝမ်းမနည်းခဲ့ တစ်ချိန်မှာ မင်းကသိမှာပါ ငါရေးထားခဲ့သမျှ လမ်းခွဲမယ့်အကြောင်း သီချင်းမရှိဘူး

မင်းက မုန်းရက်နိုင်ပြီလား မင်းကပြောရက်နိုင်ပြီလား
အဝေးမသွားပါနဲ့ အချစ်မရှိမှာပဲ သိပ်ကြောက်နေမိတာ
မင်းက လမ်းခွဲနိုင်ပြီလား မင်းက မေ့လိုက်ချင်ပြီလား
အဝေးမသွားပါနဲ့ မင်းရှိနေပါ မင်းရှိနေပါကွာ

မထင်မှတ်တဲ့အချိန်မှာ တွေးကြည့်ရင် ငါယောင်္ကျားလေးပဲ မဖောက်ပြားသေးတဲ့ ချစ်ခဲ့တာတွေကိုလည်း လျှောက်ကြွားသေးတယ် စွပ်စွဲတယ် အဆင့်မရှိတဲ့စွဲချက်တွေနဲ့ မကျွတ်ကျဲပဲ ငါ့စိတ်ငါလုံတယ် မင်းရဲ့စိတ်မှာ မခွဲရဲ အနေနဲ့ဝေးလည်း တစ်ဘဝလုံး အတူနေမယ်လို့ အဖြေပေးခဲ့ လိုအပ်ချိန်တိုင်းလည်း မင်းရဲ့ဘေးမှာ နေပေးဆဲ ကမ္ဘာကြီးကကျယ်တယ် ဒီအသိုင်းဝိုင်းဆိုတာ သိပ်ကိုကျဉ်း မင်းကြားတဲ့ သတင်းတွေလည်း ငါမခံနိုင်တော့ပါ စိတ်တိုရင်း စကားတွေကများ သွားနေကျ လမ်းတွေဟာ အရင်လိုပုံစံအတိုင်း မလွတ်လပ်တော့ပါ မတော်တဲ့ဖိနပ်ကို ဒုက္ခခံပြီးစီးလည်း ကျွတ်ထွက်တော့မှာ မင်းဘက်ကဘယ်သိဦးမလဲ တွေးကြည့်ရင် ငိုမိတုန်းပဲ အသည်းကွဲ သီချင်းတွေကိုလည်း ဆိုကြည့်ဦးမယ် စဉ်းစားတယ် ဒီဘောင်ကို လာမကျော်နဲ့ သူ့ရဲ့ဖက်က စဉ်းစားတယ် အရာရာကို စိန်ခေါ်ပြီးငါ့ဘဝနဲ့ အခု ရင်းထားတယ် ဘော်ဒါတွေပြောနေကြတဲ့ အတွင်းစကားရယ် ပေါင်းပြီးတော့ ထွက်လာရင် မခံနိုင်ပါဘူး သတင်းများတကယ်


မင်းက မုန်းရက်နိုင်ပြီလား မင်းကပြောရက်နိုင်ပြီလား
အဝေးမသွားပါနဲ့ အချစ်မရှိမှာပဲ သိပ်ကြောက်နေမိတာ
မင်းက လမ်းခွဲနိုင်ပြီလား မင်းက မေ့လိုက်ချင်ပြီလား
အဝေးမသွားပါနဲ့ မင်းရှိနေပါ မင်းရှိနေပါကွာ

မလွမ်းဘူးလို့ အားတင်းလည်းပဲ ငါ့ကိုယ်ငါပဲ ညာနေတာ အပြင်ကသည်းတဲ့မိုးမှာ သတိရခြင်းတွေ ပါနေမှာပဲ  ရွာနေတာ ငါ့ရင်ထဲမှာ မစဲတော့ဘူး အခုဒါတွေဟာ တရားခံဟာ ဘယ်မှာလဲ ပိုက်စိပ်တိုက်ပြီး ရှာနေတာ ညဖက်ရောက်ရင် ဖုန်းဆက်တဲ့လူအကြောင်း ဖြေရှင်းပါ သူကဘယ်သူလဲ ငါ့အဆင့်က ခြေရင်းမှာ ယောင်္ကျားလေးမာန ထိန်းချုပ်ထားပြီး နေရင်းသာ ရက်တွေက ပြဿဒါးတွေနဲ့ ဆက်နေရတာ မောနေပြီ အနားမှာ မင်းရှိတုန်းက ငါ့ရင်ကို နွေးစေတယ် ဘယ်သူ့ကို ရွေးချယ်မှာလဲ ငါလေ မေးနေတယ် တွေးနေဆဲ အဆင်ပြေမှာလား မင်းဘာတွေရွေးနေလဲ မင်းသမီးရှုံးမယ့် မာယာသုံးတဲ့ ယုံကြည်မှုတွေငါ ဘယ်လိုနားလည်ရမလဲ မင်းပြောတဲ့ပုံပြင်အတုတွေ မမေ့နိုင်ခဲ့ သွေးပျက်ခဲ့ တစ်ခါတစ်ရံမှာ မင်းကို အဆွေးဓာတ်နဲ့ ငါရေးတတ်ခဲ့တယ် သီချင်းလို


မင်းက မုန်းရက်နိုင်ပြီလား မင်းကပြောရက်နိုင်ပြီလား
အဝေးမသွားပါနဲ့ အချစ်မရှိမှာပဲ သိပ်ကြောက်နေမိတာ
မင်းက လမ်းခွဲနိုင်ပြီလား မင်းက မေ့လိုက်ချင်ပြီလား
အဝေးမသွားပါနဲ့ မင်းရှိနေပါ မင်းရှိနေပါကွာ


No comments:

Post a Comment