Monday, April 1, 2013

လမင်းနဲ့ပင်လယ်

ရေး - မြင့်မိုးအောင်
ဆို - ဝိုင်ဝိုင်း

ပင်လယ်ဟာကိုပါ အမှောင်တွေလာရင်ရင်ခုံစွာနဲ့မျှော်လင့်မိတယ်
လမင်းခြေသံဖြတ်လျှောက်သွားချိန်  ရင်ခွင်အလယ်မှာလှိုင်းထန်သွားတယ်
ပင်လယ်လိုဆူညံကိုယ်ခေါ်နေပါတယ် ဒါပေမယ့်လည်းသူမကြားဘူးကွယ်
ပုံရိပ်ရောင်တွေထားရစ်ခဲ့တယ် ရှောင်ဖယ်ကာရယ်ပျောက်ကွယ်ပြီကွယ်

ငွေရောင်လမင်းလေးဝေးကွာနေလည်း မင်းရဲ့အလှအပဟာရူးစေတယ်
အကြင်နာတွေဟာဒီလှိုင်းများလို အော်မြည်ကာရယ်အပြေးလာနေတယ်
ငွေရောင်လမင်းလေး ဝေးကွာနေလည်း မင်းရဲ့အလှအပဟာရူးစေတယ်
(ကိုယ်)မျှော်နေပါတယ် လမင်းလေးရယ် ထာဝရငိုသံ အသည်းကွဲ(သီချင်းသည်) ပင်လယ်

ပင်လယ်ဟာဒဏ်ရာဟန်ဆောင်ကာမနေနိုင် ဆူညံပေါက်ကွဲ နက်ရှိုင်းမျက်ရည်
လမင်းဆိုတာအေးမြ အလင်းရောင် မဆုံနိုင်တဲ့လမ်းမှာ တို့တွေ့ခဲ့ကြတယ်
ထာဝရငိုသံ အသည်းကွဲ(သီချင်းသည်) ပင်လယ် (ငွေလမင်းလေးရေ)

11:33 PM 4/9/2013

No comments:

Post a Comment