Thursday, April 25, 2013

အချစ်ဆိုတာလျှို့ဝှက်ချက်တစ်ခုပါ

ရေး - စိုင်းခမ်းလိတ်
ဆို - စိုင်းထီးဆိုင်

ပျော်ချင်တိုင်းလည်း မပျော်ရပါ 
ချစ်မိသူတိုင်းလည်း ချစ်ခြင်းမခံခဲ့ရပါ
မသိသေးတဲ့ဒီလောက ရဲ့အထာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ

နေသာခိုက်မှာမြင်လို့လေ 
တွေ့တဲ့အခါတိုင်းလည်း မိုးမအုံ့ပါဘူးမပြေသာ
ခန့်မှန်းလို့မရကောင်းတဲ့ အခြင်းအရာ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ

အပြုံးနဲ့ယှဉ်တွဲနွဲခဲ့ဘူးတာလည်း အခါခါ 
နောက်ဆုံးတော့အငိုသာ ကျန်မြဲပါ
ကိုယ့်အတွက်မှာတော့ အချစ်ဆိုတာဟာလေ
ထာဝစဉ် ပေးဆပ်ရခြင်းပါ

ယုံကြည်လွန်းတဲ့ဒီအချစ်မှာ 
ဘဝတစ်ခုကို ရင်းနှီး မီးနဲ့ရေနဲ့ ကစားလာ
အနိုင်အရှုံးတော့ ကိုယ်လည်းမသိသေးပါ
အချစ်ဆိုတာ လျှို့ဝှက်ချက်တစ်ခုပါ

9:07 PM 4/28/2013

စိုင်းထီးဆိုင်

No comments:

Post a Comment