ရေး - မြင့်မိုးအောင်
ဆို - အငဲ
လောကရဲ့ပင်လယ် ဒုက္ခလှိုင်းတွေထဲ
ကလေးလေးတစ်ယောက် သူငိုနေ
ကြောက်ရွံ့စိတ်တွေဝင် နောက်ပြန်လှည့်ပြေးမှာလား
ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ
စွန့်ပစ်ရက်သူတွေ အမုန်းရဲ့မြှားချက်များ
ကလေးလေးတစ်ယောက် နာကျင်နေ
လမ်းမကြီးအပေါ် လမ်းပျောက်ခဲ့ပြီလား
ထွက်မပြေးနဲ့ ကလေးလေးရေ
လောကရဲ့ရင်ခွင် ရှားပါးမေတ္တာတရား ကလေးလေးတစ်ယောက်ရှာဖွေနေ
ခုထိမတွေ့နိုင်ပါ စိတ်ပျက်သွားပြီလား ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ
မှာယွင်းမှုတွေအပေါ်အမှားနဲ့တုံ့ပြန်မလား ကလေးလေးတစ်ယောက် တွေဝေနေ
အဆိပ်သင့်လက်တွေကို အဆိပ်နဲ့တုံ့ပြန်မလား
ထွက်မပြေးနဲ့ ကလေးလေးရေ
နွံအိုင်အလယ်မှာ မနစ်မြုပ်နဲ့ ကလေးလေး
နွံအိုင်တွေကို ဖောက်ထွက်ခဲ့ ကလေးလေး
ကြာဖြူတွေလိုကွယ် ဖူးပွင့်လိုက် ထွက်မပြေးနဲ့ ကလေးလေးရေ
ပြန်ထွက်မပြေးနဲ့ ကလေးလေးရေ
တစ်နေ့တော့တွေ့မှာပါ ကောင်းမြတ်တဲ့အရာများ
ကလေးလေးတစ်ယောက်
8:22 PM 5/1/2013

No comments:
Post a Comment