Thursday, April 25, 2013

ထားခဲ့ဦး

ရေး - မောင်မောင်ဇော်လတ်
ဆို - လေးဖြူ

ချစ်စစ်ဖြစ်ခဲ့လည်းပဲ ဘဝသစ်ထပ်စဖို့ရာ မဖြစ်တော့ဘူး
တံတိုင်းတွေ တစ်ယောက်တစ်ဖက်ခြား
အတူရှိခွင့်ရတဲ့ အချိန်များနောက်ထပ်ရှေ့ဆက်ဖို့ရာ
မဖြစ်တော့ဘူးအပြစ်တွေတို့နှစ်ယောက်ကြား

ဘယ်လိုနည်းနဲ့မှ ပေါင်းစပ်ခွင့်မရှိမှန်း သေချာခဲ့တဲ့နောက်
ငါ့ကိုချန်ရစ်ပြီးသွားတော့ အားလုံးအမှားများအောက် နောက်မကျသေးခင်

ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး မင်းနဲ့အဝေးဆုံးမှာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး မဆုံတဲ့ တစ်ယောက်တစ်နေရာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး အိမ်မက်ဟောင်းတစ်ခုစာ
ထားခဲ့ဦး ထားခဲ့ဦး ထားခဲ့ဦး ငါ့တို့တစ်ယောက်တစ်နေရာ / ငါတို့ဝေး

အနီးဆုံးကျောချင်းကပ်ရင်း အကြီးဆုံးပေးဆပ်ခြင်းတွေ
မရှိတော့ဘူးထပ်ပြီး ငါတိုနှစ်ယောက်ကြား
တားမြစ်ခဲ့တဲ့အဆိပ်သီး အရူးအမူးခူးဆွတ်ဖို့ရာ
မဖြစ်တော့ဘူးဆူးတွေတို့ နှစ်ယောက်ကြား

အရင်တချိန်က ငါ့ဘဝ နောက်တစ်ခေါက်ရနိုင်ရင် 
ပြန်စမယ်အရာရာ ငါလေမင်းနဲ့ 
အစကတည်းကဆုံး ရှုံးနိမ့်မယ့်ဇာတ်လမ်း အခုတော့တစ်ခန်းရပ်

7:46 PM 4/28/2013

No comments:

Post a Comment