Monday, April 1, 2013

ရင်ကိုအေးမြစေသား

ရေး - ကိုနေဝင်း
ဆို - ခင်မောင်တိုး


ရယ်သံလိုလိုကြားရတဲ့ အခိုက်မှာ လွင့်မျှောစိတ်ကူးရပ်တန့်ကာ ကိုယ်လှည့်ကာငေးကြည့်နေဆဲ
သစ်ရွက်ကြွေလေးတွေ လေမှာလူးလွန့်လှုပ်ခတ်သွား ရင်မှာခိုဝင်တရေးအိပ်ခဲ့သူ

အိမ်မက်တွေကြားမှနိုးလာ အလွတ်ရုန်းရန်ကြိုးစားဆဲ ပန်းဝတ်ရေလေးတွေ ကြွေပြီ
ပုလဲပွင့်မျက်ရည်များမတည်ငြိမ်သေးတဲ့အသည်း အိမ်ထဲကခြေသံလုံအောင်ထိန်းထွက်
တော့ တွန်းဖွင့်ပေါ့ ကိုသော့မခတ်ထားပြန်လိုရင်တွန်းဖွင့်ပေါ့အချစ်ရယ်
အကြင်နာဆုံးမမေ့နဲ့ကွယ် လာချင်ရင်လှမ်းခဲ့ပေါ့ ကိုယ်မျှော်နေမယ်

ခြေရာထင်ကျန်ရစ်ပေါ့အသည်းမှာ အချိုအနမ်းတွေနှင်းအပ်ခဲ့စဉ် ရနံ့သင်းကျံ အုံးစက်ရာမှာ
နှစ်သိမ့်မှုလေးတွေ တွယ်ရာတမ်းတလွမ်းစေသား
နှင်လိုရာကိုခရီးဆက်ထွက်ခွာ ရပ်နားရန်အခွင့်သင့်တဲ့အခါ ကြုံလိုသူတစ်ခေါက်လှည့်လာရန်
ငြိမ်းချမ်းမှုလေးတွေ ရင်ကိုအေးမြရစေသား
ငြိမ်းချမ်းမှုလေးတွေ ရင်ကိုအေးမြရစေသား

6:03 PM 4/9/2013

No comments:

Post a Comment