ရေး - ပြည်သိန်းရွှေ
ဆို - လွှမ်းမိုး
ချောကလျာ ရွှေစင်အသွေးဖြာ သြော်လေးလေးခင့် ပဏာ လှပုံတမူခြားနူ အသားဝင်းဝါ
ယဉ်မှုသွယ်ဖြာ ပြုံးတုံလဲ့လဲ့ သွယ်ကာနွဲ့ကာ နွဲ့ရင်လည်းရင်လည်း သူ့ဟန် တကယ့်ချစ်စရာ
ကေသာပိတုံးနောင်ကြော့မှာ အို ရင်သပ်ရူမော ပြေလျော့ တင့်စွာ လှသွေးလွန်းလို့
သီတာ ပြုံးရောင်ရော့ပဏာ ဘဝဇမ္မူမှာ သွင်မူပြောင်းလှည့် အလှတသောင်းယှက်ဖျာ
ရှင်းသန့်စွာ ယဉ်ကျေးရူပကာ မှင်ဆေးမကူသာ ပုံဖော်ရင်သွေး
သွေးပုရစ်ဖြာ နှုန်းတစ်လီ မှုန်းသည် ပြုံးရယ်တဲ့အခါ
ဘဝဇမ္မူမှာ နှမသူဇာ အလှပျူငှာ ဝဏ္ဏရူပကာ မှင်ဆေးမကူသာ ရွှေစင်ပမာ
မြေကမ္ဘာကြောမှာ မေသာချောကလျာ
ကြည်သာရွှ့င်ပြုံး ကျော့ဆုံးသက်လျာ ငါးဖြာဂုဏ်အင်ဇမ္မူတွင် ပြိုင်ဖက်ရှား
ရွှေစင် ရွှေစင် ပုံသို့မခြား သွားပုံလာပုံ နေပုံထိုင်ပုံတခြားချစ်စရာမျက်နှာတော်လေးဝင်းဝင်းဝါ
ခင်လေးယဉ်ကျေး အသွင်ကလေးထည်ဝါ မဆူမကြုံမနိမ့်မမြင့် ချစ်စရာ
ပြစ်မျိုးလွတ်ကင်း ရွှေယမင်းရုပ်လွှာ ယဉ်ရာနှုန်းဆောင် လျှက်မကွာ အစဉ်သာပြုံးယောင်ယှက်ဖြာ
သက်လျှာပြုံးနှောင် အလှခေါင်မျိုး ကိုယ့်ရင်မှာစိုးစိုးမိုးနေတာ ချောကလျာ

No comments:
Post a Comment