Wednesday, April 10, 2013

မင်းပဲကိုယ်ချစ်တယ်

ရေး - L လွန်းဝါ
ဆို - L လွန်းဝါ

ကိုယ်တစ်ယောက်တည်း ဒဏ်ရာနဲ့ ဘယ်လိုဖုံးဖိထားပေမယ့်
ရင်ခွင်ထဲမျိုသိပ်ရင်း တဖြည်းဖြည်းကျွမ်းလောင်ခဲ့
ကိုယ့်အပေါ်အနွံအတာခံတဲ့ သံယောဇဉ် အဖြူကို သိမ်းဆည်းရင်း
မင်းကို တချိန်ချိန်ဖွင့်ပြောမိမှာကို စိုးရိမ်ရင်း

မပူမပင် မကြောင့်မကြနေရလည်း သူငယ်ချင်းမင်းမှ မသိဘဲ
အရာရာ ပြီးပြည့်စုံခဲ့လည်း သူငယ်ချင်းမင်းမှ မချစ်ဘဲ
သူငယ်ချင်း ..... အချစ်လေး မင်းပဲ ကိုယ်ချစ်တယ်

အာရုံထဲ မခံနိုင်ခဲ့ ဘယ်လိုတားဆီးထားခဲ့လည်း
မမြင်နိုင်တဲ့ ရင်ခုန်ခြင်း ကြိတ်မှိတ်ကုမရခဲ့
မင်းအပေါ် ပျော်ဝင်နေတဲ့စိတ်တွေကို သိမ်းဆည်းရင်း ကိုယ့်ကို
တချိန်ချိန် သူသိသွားမှာကို စိုးရိမ်ရင်း

မပူမပင် မကြောင့်မကြနေရလည်း သူငယ်ချင်းမင်းမှမသိဘဲ
အရာရာ ပြီးပြည့်စုံခဲ့လည်း သူငယ်ချင်းမင်းမှမချစ်ဘဲ
သူငယ်ချင်း ..... အချစ်လေး

မင်းပဲ ကိုယ်ချစ်ရင်း (စိုးရိမ်ခဲ့)
သူများဦးမှာလည်း (စိုးရိမ်ခဲ့)
ကိုယ်သိပ်ချစ်ပေမယ့် မင်းမသိတော့

L လွန်းဝါ

No comments:

Post a Comment