Monday, April 1, 2013

ဝဋ်ကြွေး

ရေး - ကေအေတီ
ဆို - ဝိုင်ဝိုင်း


မေ့နိုင်မယ်လို့တော့ မင်းထင်မလား
အရာရာမှုန်ဝါးဝါး ရှိဆဲပါ ငါ့အလွမ်းစိတ်များကို နားလည်မလား
ရင်မှာ အခုသက်ဆုံးတိုင်ကျန်ရစ်မယ်

မင်းကိုယ်တိုင်မသိအောင် လျှို့ဝှက်ထား ရင်တွေခုန်တတ်စအရွယ်ငယ်ဘဝမှာ
ချစ်တဲ့စိတ်ဟာဆန်းကျယ်စွာ ပိုင်ဆိုင်ခြင်းရဲ့တဖက်မှာ ကျန်ရစ်တယ်
ဝို ဝိုး ဝိုဝိုး

ငယ်ရွယ်စဉ်မှာ အချစ်ကအိမ်မက်လို ဝို ဝိုး
ငယ်ရွယ်စဉ်မှာ အချစ်က တိမ်တိုက်တစ်ခုလို
ငါလွမ်းနေလည်း ကျေနပ်လို့သွားမယ် ကျန်နေခဲ့ပြီငါ့တစ်ယောက်တည်း
ချစ်တာမင်းသိရင် ငါ့မှာတော်ပြီ ဒီဘဝတော့

ငါဟာတကယ်ဆို ချစ်လျက်နဲ့သာ နှလုံးသား အရှုံးကိုရွေး
ရင်ခုန်သံများ ဖျားယောင်းမိပြီ ငါပေးဆပ်မယ့် အချစ်ဝဋ်ကြွေး
ငါဟာတကယ်ဆို ချစ်လျက်နဲ့သာ နှလုံးသား အရှုံးကိုရွေး
ရင်ခုန်သံများ ဖျားယောင်းမိပြီ ငါပေးဆပ်မယ့် အချစ်ဝဋ်ကြွေး ဝဋ်ကြွေး

9:06 PM 4/9/2013

1 comment:

  1. chords လေးတင်ပေးပါလားဗျာ

    ReplyDelete