Monday, April 1, 2013

ရွှေရောင်အိပ်မက်များ

ရေး - သုခမိန်လှိုင်
ဆို - ဇော်ဝင်းထွဋ်


အမြဲမက်တဲ့အိမ်မက်ကလေးတွေ မင်းရဲ့အကြောင်းလေးတွေ တို့ကတစ်ယောက်တည်းပဲကွယ်
ခန္ဓာကိုယ်နှစ်ယောက်သားဝေးစေ အတူဆုံမယ်ကြင်နာပါ အိမ်မက်ကလေးတွေ မိုးလင်းစ
အလင်းစလေးတွေ နှိုးမှပဲလေ ဝေးပေါ့အိမ်မက်ကလေးတွေ
အိမ်အပြင်မှာတိမ်တွေအတိုင်းသား မဆုံအောင်ခြားထားရင်မှာနာကျင်မောသွား/ဒါကိုမလိုချင်ဘူးသွား

မိုးချုပ်ညမှောင်ရီမှာပဲ အချစ်နဲ့တွေ့ရမယ် သိပ်လှတဲ့ရွှေအိမ်မက်ထဲ  အိုး ပြန်ဆုံရင်းကွယ်
အိမ်မက်များပြီးသွားမှာစိုး တားပေးပါ တားပေးပါဦး  အော်သံလေးများ

အမြဲတမ်းပေါ့အိပ်စက်သွားစေ မနိုးနဲ့တော့လေ  မင်းမလာမချင်းပေါ့ကွယ်
ကြင်နာစွာအိမ်မက်ထဲမှာဆုံနေမယ် ဒါဟာအမှန်တရားပေါ့ကွာ
မင်းရောက်တော့နှိုးလိုက်ပေါ့ကွယ် အခုတော့လည်းလေ တို့အိပ်ရင်းစောင့်မယ်

အိုး  အမြဲပေါ့အိပ်ချိန်ညများ နီးဖို့ခြေလှမ်းတွေလား အိမ်မက်တွေမှာပဲ တို့နှစ်ယောက်ပြန်ဆုံရင်းကွယ်

10:42 PM 4/9/2013

No comments:

Post a Comment