Sunday, April 21, 2013

နှစ်သိမ့်တဲ့တေး



ရေး - ကေအေတီ
ဆို  - ဝိုင်ဝိုင်း

ရာသီရယ် ကျော်လွန်ခဲ့ပြီ ကွေနွမ်းတော့မယ် စံပယ်ပန်းလေး
နေသာချိန် ကိုယ့်အတွက်တော့လေ အဖြေမရှိတဲ့ ဇာတ်လမ်းလား
ဟိုဆီမှာ အပြာရောင်ကောင်းကင်
ကြည်လင်လာတာ ကြည့်လှည့်ပါ

ကမ်းလင့်တဲ့ လက်နှစ်ဖက် ယုံကြည်ပြီး ထားလိုက်
နေရယ် ကြယ်ရယ် ဆုံနိုင်သေးတယ်

(ရာသီတွေဟောင်းတိုင်း ပြန်ရခဲ့တဲ့ နွေဦးလေးရယ်/နဲ့ 
မင်းလေးရဲ့ အိပ်မက် တစ်ခါပြန်ပြီးလှမယ့်
ဒီအချိန်တွေကို ကိုယ်မျှော်လင့်နေမယ်/ကိုယ်ကြည်နူးမယ်)

စံပယ်ပန်းလေး ငိုနေတုန်းမှာ လေထဲ မိုးထဲ လွင့်ဝဲသွား
နေညိုချိန် မင်းရဲ့ မျက်ရည် အလှဆုံး တောက်ပနေဆဲလား
ဒီရေလို သယ်ဆောင်သွားမယ်
ငိုချင်စရာတွေ ထည့်လိုက်ပါ

No comments:

Post a Comment