Monday, April 8, 2013

ထီပေါက်မယ်

ရေး - ရွှေဂုန်ညွန့်
ဆို - မေမေဝင်း

ဇမ္ဗူဒီပါ .. လက်ျာတောင်ကျွန်း နိမိတ်ထွန်းတယ် .. ဘာကြောင့်လဲ .. ဆိုတော့ လူဆိုတာကွယ် ကုသိုလ်ကံပေးရင် နေ့ချင်းညချင်း သူဌေးမင်းဖြစ်နိုင်ပါတယ် …
တကယ် .. ကျောင်းကြီးလည်း ဆောက်လှူမယ် .. တန်ဆောင်ကြီးလည်း ဆောက်လှူမယ် .. ပြောရင်းတော့ စိတ်ပါတယ် .. ပျို့ကိုယ်တိုင် ရည်စူးတယ် ငါးသိန်းကျော် ကုန်လိမ့်မယ် .. ဒါတွေကြောင့် ကွယ် အိပ်မက်အရနဲ့ .. တိတ္ထုံကြည့်မယ် …
အတိတ်တော့ ကောင်းတယ် .. နိမိတ်တော့ကောင်းတယ် .. ဟေ့ - မေမေဝင်းရယ် .. ကုသိုလ်ကံပေးရင် ဒီနှစ်တော့ဖြင့် မင်း ထီပေါက်မယ် …
(ဒီလိုဆိုရင် လောကဝယ် .. လူသိကာ နတ်ကြားမယ် .. အလှူကြီး အတန်းကြီး ပေးလို့ကွယ်) ၂ ဖိတ်စာရိုက်ကာ ရန်ကုန်ပေါ်ဝယ် .. အပေါင်းအသင်းများကို ဖိတ်ကြားပါတော့မယ် …
အတိတ် … … မင်းထီပေါက်မယ်
အတိတ် … … မင်းထီပေါက်မယ်
(ဂျူဗလီရုံတော်ဝယ် အမျိုးမျိုးကျွေးမွေးမယ် .. ကမ်းလှမ်းပေးဖို့ကွယ် .. စောစောကပျိုဝယ် ..) ၂ ဗြိတိသျှဘားမားက တီးဝိုင်းကို ဖိတ်လို့ကွယ် ခေါ်ဦးမယ် မောင်ရယ် …
အတိတ် … … မင်းထီပေါက်မယ်
(လေးငါးထောင်ကျော် ကားနဲ့လည်မယ် .. ချစ်တဲ့သူရယ် .. ဘုရားသွားကျောင်းတက် အတူတူကွယ် ..) ၂ စာရေးဆရာ ရွှေဂုန်ညွန့်ပါ အလည်လိုက်ခဲ့ရန် ခေါ်သွားချင်သေးတယ် …
အတိတ် … … ထီပေါက်မယ်
(အတိတ် / နိမိတ် တော့ကောင်းတယ်) ၂ ပျို့ မေမေဝင်းရယ် ကုသိုလ်ကံကောင်းတယ် ဒီနှစ်တော့ဖြင့် ကျွန်မတော့ ထီပေါက်မယ် … ။

No comments:

Post a Comment