Friday, April 19, 2013

မဝေးဘူး



ရေး/ဆို  -  လွှမ်းပိုင်

ငါလေ အကုန်ဖြတ်ကျော်မယ် ဘယ်လိုကာရံထားပါ mount ဧဝရက်ပဲကာရံ မီးပင်လယ်တွေခြား
ဖြတ်ကျော်မှာ ဘယ်လိုပင်လိုအင်တွေရယ်စုံလင် ငါ့အနားမှာ မင်းမရှိတဲ့ အခိုက်အတန့် ဘဝမှာ ငါ
မနေချင်ပါဘူး ချစ်သူရာ

အို ဘယ်လောက်ထိဝေးလို့ ဘယ်လောက်အဆက်အသွယ်တွေမဲ့ မင်းအချစ်နဲ့ ထပ်တူကျမယ့်ချစ်သူ
နောက်ထပ်လည်းမရှိနိုင်ပါ အို ဘယ်လောက်ထိ ဟိုး မိဘတွေ အဆက်အသွယ်ဖြတ် ဒီလိုနှစ်ယောက်
ရင်ထဲရှိတဲ့ အချစ်များ
ယုံနေတယ် မခွဲဘူး ယုံကြည်တယ်မဝေးဘူး honey မင်းဘက်က သစ္စာမပျက်ခဲ့ဘူးသလို ငါလဲမဖောက်ပြားပါ
မဝေးဘူး ယုံကြည်တယ် မခွဲဘူး honey မင်းဘက်ကသစ္စာမပျက်ခဲ့ဘူးသလို ငါလည်းမဖောက်ပြားပါ

ဒီလိုအတားအဆီးတွေ တူတူတွန်းလှန်ဖျက်လို့ တို့ နှစ်ဦးတည်း ဘဝတစ်ခုကိုတည်ဆောက်ကြဖို့ ကတိတွေအပြန်အလှန်ပြုမည်
တို့ နှစ်ဦး​​၏ ကြားမှာရှိသော အတုမရှိ ကတိသစ္စာ မေတ္တာ ပြယ်စရာမယုံနိုင်လောက်အောင် တစ်ခုမရှိ သူ၏ငါ၏ဆိုတဲ့ ဒီလိုအတွေး အသိတွေ တစ်ယောက်နဲ့ တစ်ယောက်မှာမတွေးမိအောင်နေသွားကြမယ် အဆုံးထိလက်တွဲနိုင်ပြီး သက်ဆုံးတိုင်ခရီးလဲ မလဲယိုင်သည့် ဒီအချစ်အား ပိုင်စီးယူပါ ခန္ဓာအဆုံးထိ တစ်ယောက်ကယိုင်လဲရင် တစ်ယောက်က ကူညီဖေးမလို့ ငါအခုချိန်လိုအပ်နေတာ မင်းပြောမယ့် အားပေးစကားတို့ ဝေးသွားဖို့ ဆိုတဲ့ အတွေးတွေကို ဘေးထားလို့ 
တစ်နေ့ ကျ တို့ လက်ထပ်ကြဖို့ ကလည်း စနစ်တကျမို့ ရှေ့ ရေးအားကြိုတွေးကာ ဒုက္ခဝေးကြဖို့ 
တစ်နေ့ ကျတို့ ပေါင်းဖက်ရဖို့  ယုံတယ် တထစ်ချလို့ အိပ်မက်တွေဖြစ်ရဖို့ လိုတယ်သစ္စာမလစ်ဟဖို့ 

အို ဘယ်လောက်ထိဝေးလို့ ဘယ်လောက်အဆက်အသွယ်တွေမဲ့ မင်းအချစ်နဲ့ ထပ်တူကျမယ့်
ချစ်သူနောက်ထပ်လည်းမရှိနိုင်ပါ
အို ဘယ်လောက်ထိ ဟိုး မိဘတွေအဆက်တွေဖြတ် တကယ် ဒီလို နှစ်ယောက်တည်းရင်ထဲရှိတဲ့ အချစ်များ

(ကောင်မလေး မင်းကို သိပ်လွမ်းတယ်)

No comments:

Post a Comment