ရေး - စိုင်းခမ်းသီ
ဆို - စိုင်ထီးဆိုင်
ညှာတာမှုကင်းမဲ့လှစွာ လေပွေသရမ်းတွေ
အမှတ်မထင်ပဲ တိုက်ခတ်ရက်စက်လာ
နုနယ်တဲ့မောင့်အရိုင်းပန်း
အသိမကြွယ်တဲ့မောင့်တစ်ပွင့်ပန်း
အညှာမခိုင်သေးတော့ကွယ် အဖွံ့ဖြိုးခင် မြေမှာခရရှာပြီ
စာနာမှုလုံးဝမရှိတဲ့ လူယဉ်ကျေးတွေ
အလစ်ကိုချောင်း တစ်ဖက်သားတစ်ချက် အငိုက်ကို
အပြစ်နာမဲ့စောင့် မောင့်အရိုင်းပန်း သန့်စင်တဲ့ မောင့်တစ်ပွင့်ပန်း
အနီရောင် စွန်းထင်းကာ အလှမပြည့်ခင် မြေမှာခရှာပြီ
ကြည်လင်ကာ ပြန့်ပြူးတဲ့ ရေပြင်ဟာ
ဝဲဂရက်ထန် လှုပ်ရှားသွားရပြီကော
သာယာကာအေးချမ်းတဲ့ အခြေအနေတွေ
ရုတ်တရက်ကွယ်လွင့်ပါ သွားပြီပဲ
မောင့်အရိုင်းပန်း မောင့်အသည်းပန်း
ကံဇာတာ ခေချိန်လား ဝဋ်ကြွေးတွေ မကုန်လို့လား
ရေတိမ်မှာနစ်မွန်းရတာ
သန်းခေါင်ယံည လမိုက်ခိုက်အောင် မမီနိုင်ဘူးထင်
စိတ်ထင်ရိုင်းလောကသားရဲ့အမှောင်
မေတ္တာတရား ခေါင်းပါးလွန်းနေ ကရုဏာမဲ့သွေးသားအလိုအတွက်
ငါကိုယ်အားနွဲ့သူ အရှုံးနဲ့သာ ခန္ဓာကိုယ်စတေးရရှာတယ်
သေတမန်ပြောင်းဝကို အရိုင်းပန်းငယ် မလွန်ဆန်နိုင် ဆက္ကသရုံပဲ
မောင့်အရှိုင်းပန်း မောင့်အသည်းပန်း မောင့်အရိုင်းပန်း မောင့်အသည်းပန်း
No comments:
Post a Comment