Saturday, April 20, 2013

နောက်ထပ်တွေ့ဖြစ်ရင်


ရေး - ရသ
ဆို  -  ရသ၊ ဂျင်းနီ

(နောက်ထပ်တွေ့ဖြစ်ရင်)2
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့  (ဟိုး...)
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့  နှုတ်ဆက်

Ho! ဒါတွေ ပြန်မတွေးချင် အမြဲတွေ့   မြင်နေလို့စိတ်မှာ
အတိတ်က အရိပ်များရောက်ရောက်လာလို့
မီးမှိတ်ပြီးတော့ ပိတ်ကာ အိပ်တာ အိပ်မရ
အိပ်ရာဝင်ဖို့  ငါ့မှာ စိတ်မပါ
စိတ်သင့် တိမ်လွှာ လွှမ်းခြုံ မင်းရဲ့ ကျိန်စာ ပန်းနုရောင်
ဖိတ်စာ ပေါ်ကမင်းရဲ့  သတို့သားနာမည်
ဘယ်လိုများလဲ ဖတ်ဖို့က ခွန်အားမရှိတော့ ငိုရပြန်တယ်
ပတ်သတ်ခဲ့တဲ့ ကိစ္စတွေကို လျှိုထားရင်လဲ ငါ့ဘက်က တာဝန်ယူတယ် စိတ်ချလိုက်
မျိုသိပ်ရင်း ငါ့အတွက်က ကြာရင်ရူးမယ်
နာရီတိုင်းခါးသက်စရာတွေကြုံလို့ အားပြတ်ခါနေတော့
လူတိုင်းငါ့ကို ဟားဖို့ ကြားဖြတ်ကာမေး
နင်ခဏ အနားကပ်ကာ ငါ့ဖက်ကနေတွေး
စကားတတ်တဲ့ နင့်ပါးစပ်က ထွက်တဲ့ဘ၀ တစ်သက်စာ အဖြေဆေး
တော်တော့ မကြားရက်ပါ ဟေဟေး

လထွက်တဲ့ညဘက်မှာ အတူတူဝေဟင်သို့
ကြယ်တွေကို ငေးရင်းနဲ့ အတူတူရေချင်လို့
ကြယ်ကြွေရင် ဆုတောင်းခဲ့တာ အတူတူနေချင်လို့
လူကြီးတွေ ကြားကဖြတ်တော့ အတူတူသေချင်လို့
မင်းနဲ့ငါနောက်ထပ်တွေ့ဖြစ်ရင်

နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့    (ဟိုး....)
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့  နှုတ်ဆက် နှုတ်ဆက်  (အိုး....)

ကြောင်သာသာ ဦနှောက်ရှိတဲ့
ညောင်နာနာ တစ်ယောက်နဲ့ အဆင်ပြေနေတယ် ကြားလိုက်ရတော့ ငါ့မှာ
ယောင်ချာချာ တစ်ယောက်တည်း
နောင်အခါ မှာ ငါကြောက်ခဲ့
ချစ်သလို နင်ယောင်ဆောင်လာတာကြောင့်လဲ
ငါ့မှာစောင့်ခဲ့
ရောက်ဖို့ နောက်ကမ္ဘာ ကဘယ်လောက်လဲ
စိတ်ကူးယဉ်မိခဲ့သည့် စိတ်ခု သိပ်မထူး
အတိတ်ဆိုတာက စိတ်ရဲ့ အရိပ်တစ်ခု
ကြိတ်ရူး မနှိပ်ဘူး
သူ့ရဲ့ ဖုန်းနံပါတ်ကို နှိပ် မအိပ်ဘူး
နှလုံးသားကို ချိတ်လို ချိတ်ဆူးနေပြီး
အခန်းတံခါးကို ပိတ်ရင်း သိပ်ကြူးနေပြီး
မအိပ်ဘူး မင်းရဲ့ ဖိတ်စာက လိပ်ပြာလို
တရိပ်ရိပ် ငါ့မျက်လုံးထဲမှာ လိမ့်လူးကာ တိတ်ဆိတ်လို့နေဆဲ
နံရံပေါ်မှာ တလိမ့်လိမ့်ဝေ့လို့ လေထဲလွင့် နေခဲ့စဉ်
မျှော်လင့်သမျှ တဖြုတ်ဖြုတ်နဲ့ ကြွေခဲ့ရင်

လမထွက်တဲ့ ဒီညမှာ  အခုဆိုဝေဟင်သို့
တစ်ယောက်တည်း ကြယ်တွေငေးရင်း မျက်ရည်ဝေရင်းငို
ကြယ်ကြွေရင် ဆုတောင်းမိတာ ဒီလိုအခြေနေမျိုး
နောက်ထပ်တော့ မရောက်လိုပါငါ ကြောက်လို့ပါကွာ
ဒါကြောင့်မို့ နောက်ထပ်တွေ့ ဖြစ်ရင်

နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့    (ဟိုး....)
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့  နှုတ်ဆက်

သေရဲပါတယ် နောက်ဆုံးတစ်ခု အဖြေမဲ့ စွာနဲ့ ပျောက်ဆုံးသူဝေခွဲ မရဘဲ
တစ်ယောက်တည်းနေရဲလာခဲ့ ဖြေလှည့်ပါနေခဲ့တာလဲ အတူတူခုကြေကွဲစွာနဲ့
ငြူစူစရာ စကားတွေနည်းပါပဲ နှစ်ယောက်သားလမ်းခွဲခဲ့ ကျေနပ်လား
အရင်ကလို  လိုချင်တာ ပူဆာလို့ မရရင်ငို
မင်းဘ၀အတွက် လိုတာတွေကို မဖြည့်နိုင်တဲ့ကောင် ငါ့အဖြစ်ကို
ထပ်ပြီး ထားချင်လို့ နောက်ပြီးညားချင်လို့
******** ချက်နဲ့ မင်းရဲ့နားတွင် ခဏ၀င်ဖို့
ခပ်ပေါ့ပေါ့ ပြောရရင် ချစ်သူနားဆင်ဖို့
ငါရေးတဲ့ ဒီအတွေးတွေက ခေါင်းမှာ ဝေးဝေးနေဆဲ
ဟိုတလောက ပြန်ပြီးတွေ့  တော့ တစ်သွေးတစ်မွေးလေးနဲ့
အရေးထဲ ပြန်စဉ်းစားမိတော့ တဖြေးဖြေးဆွေးမယ်
ဒါပေမယ့် မင်းမွေးတဲ့ သားလေးလဲ ငါ့နာမည်မပေးနဲ့
နောက်ထပ်တွေ့   ဖြစ်ရင်  ကိုယ့်အသိနဲ့ကို မျက်နှာလွှဲလိုက်
နောက်ထပ်တွေ့   ဖြစ်ရင်  သူစိမ်းတွေလို တစ်ချက်သာကြည့်နေလိုက်
နောက်ထပ်တွေ့   ဖြစ်ရင် အသက်ရူဖို့ ရင်ဘက်မှာ ကျပ်လာသည့်တိုင် ဟန်ဆောင်နေလိုက်
နေလိုက်ပါ မင်းနဲ့ငါ နောက်ထပ်တွေ့ ဖြစ်ရင်       

နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့    (ဟိုး....)  မင်းနဲ့ငါနောက်ထပ်တွေ့ ဖြစ်ရင်
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့ 
ကြောက်လို့ပါကွာ ဒါကြောင့်မို့
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့    (ဟိုး....) မင်းနဲ့ငါနောက်ထပ်တွေ့ ဖြစ်ရင်
နောက်ထပ်တွေ့ဖြစ်ရင် မဆိုင်သလိုနေကြေး ဟန်ဆောင်နေကြေးကြရမှာ
နောက်တစ်နေ့ ရောက်ရင် ဒါတွေအကုန်ပဲ ဒီအချိန် ကြေကွဲစွာနဲ့   နှုတ်ဆက်
နောက်ထပ်တွေ့ဖြစ်ရင်  ho ho. hoo...
နောက်ထပ်တွေ့ဖြစ်ရင်  ho ho. hoo...
နောက်ထပ်တွေ့ဖြစ်ရင်  ho ho. hoo...
နောက်ထပ်တွေ့ဖြစ်ရင်  ho ho. hoo...

No comments:

Post a Comment