Wednesday, April 10, 2013

အချစ်စိတ်

ရေး - နိုင်းနိုင်
ဆို - အငဲ
အိပ်မက်လို လက်တွေ့အဖြစ်လို ဝေခွဲမရပါ
နိုးထခဲ့ ညရဲ့ ပြတင်းမှာ လရိပ်တိုးချိန်
ငါဟာ ကြယ်ပင်လယ်ထဲ အပြေးအလွှားလိုက်ရှာ
ငါ့ရဲ့စိတ် ခုန်ဆင်းသွား
မင်းလေးရှိတဲ့အရပ်ဆီ ခုန်ဆင်းသွားတဲ့ ငါ့စိတ်များ
ငါလေ ပြန်လည် ဖမ်းမမိပါ ဆန်းပြား
ရင်ခုန်သံဟာ ငါနဲ့ အဆက်ပြတ်ပြီး ရှင်သန်နေ သိပ်ဆန်းပြား
ယုံကြည်လိုက် ယုံလိုက်
ငါ့ရဲ့စိတ်တို့ဒီမှာ ဒူးထောက်လိုက်ပြီ/ ငါ့ရဲ့စိတ်တို့မင်းဆီမှာ ဒူးထောက်ပြီ
ရော့ ယူတော့ ငါ့အချစ်များ
စိတ်ဟာ စိတ်တစ်ခုရှာဖွေကာ ပေါင်းစပ်ချင်တယ်
အချစ်ဟာ အချစ်တစ်ခု ဆုံမိရင် ဘဝတစ်ခု ဖြစ်မယ်
ဆန့်ကျင်ဖက်များ ညီစေရင် အလှတစ်ခု ဖြစ်မယ်
သိပ်ဆန်းကြယ်လွန်း
ငါ့ရှေ့က ဖြတ်လျှောက်သွားတဲ့ လေညှင်းကလေးရယ်
ငါ့ရင်ထဲမှာ လှိုင်းတွေ လှုပ်ခတ်သွား
ဟန်ဆောင်ကာ နင်လေ မချစ်ဘူး ပြောရင်လည်း
ငါတကယ် စိတ်မဆိုးတော့
အားလုံးခွင့်လွှတ်စိတ်နဲ့ ငါဆက်ချစ်မယ်
ငါ့ကို ငါ့စိတ်များပြန်ပေးပါလား
ငါဘယ်လိုပြန်လည်ကာ ဖမ်းမရတဲ့စိတ်ဟာ
လူကို လှောင်ပြုံး ပြုံး
2:32 AM 4/19/2013

No comments:

Post a Comment