Saturday, April 6, 2013

လျှို့ဝှက်ချစ်

ရေး - မြင့်မိုးအောင်
ဆို - L လွန်းဝါ

ပြောပြချင်တယ် အချစ်စကားတွေ
ထာဝရ သိမ်းထားရမယ်လေ
တို့နှစ်ယောက်အဖြစ်တွေ
ကံကြမ္မာကိုပဲ အပြစ်ဖွဲ့ရမလားလေ
နာကျင်တဲ့ မျက်ရည်မြင်နိုင်မလား အချစ်ရေ

ဘယ်အချိန်မှာလဲ ဘယ်နေရာမှာလဲ
အကြင်နာတွေ ဖွင့်ပြောခွင့် ရှိမယ်
အဖြေမသိခဲ့တော့လည်း
သံသရာရှည်မယ့် ဒဏ်ရာတွေနဲ့
နာကျင်စွာ လျှောက်လှမ်းရတော့မယ်
ရင်မှာ သိုဝှက်ဆဲ လျှို့ဝှက်အချစ်ရယ်

မချစ်တတ်သူတွေရဲ့ကြားမှာ
အချိန်လွန်ပြီးတော့ ရောက်လာသလား
အချစ်စစ် တရားရယ်
ဘယ်လိုပြန်ပြီး မေ့ဖျောက်နိုင်မလဲလေ
ရင်မှာမိုးစက်တွေ သံသရာ အဆုံးထိလေ

အချစ်စစ်တွေ့မှ တကယ်ခံစားတတ်ပြီလေ
ဒီလိုအချိန်မှာ အဝေးကြီးဝေး

L လွန်းဝါ

No comments:

Post a Comment