Saturday, April 6, 2013

အမေ

ရေး - ခန့်ဖြိုး
ဆို - ခန့်ဖြိုး

မွေးဖွားခဲ့စဉ်အချိန်အခါ အပူအပင်အကြောင့်အကျမရှိခဲ့
အရာရာပြီးပြည့်စုံခဲ့ဘဝ အကြွင်းမဲ့မေတ္တာအကြင်နာထာဝရပေးစွမ်းခဲ့
အမေ့ရဲ့ရင်ခွင်ရိပ်အောက်ဝယ်  ကြီးပြင်းခဲ့အသိညဏ်နဲ့စိတ်ဓာတ်ခွန်အားမက
ပညာညဏ်ရင့်ကျက်လူလားမြောက်စေခဲ့
အိုအမေရယ်အကြိမ်ကြိမ်မှားယွင်းသမျှ အမေဖြည့်ဆည်းခဲ့
နာကျင်စေခဲ့နှလုံးအိမ်ထဲ
အိုအမေရယ်ကံကြမ္မာတိုက်ပွဲများအဆုံးမှာ ကျွန်တော့အသိတရားနဲ့တဖန်ပြန်လည်ဖေးမခွင့်ပေးပါအမေ
ဘဝခရီးကြမ်းလမ်းတွေစေရာ ကိုယ်တိုင်လမ်းလျှောက်ကာမှအမြင်မှန်ရရှိခဲ့လေသလား
ငါ့ဘဝမှာကြိုးစားရုန်းကန်ရင်းသာအောင်မြင်မှုများဆွတ်ယူရင်းအမေ့ရဲ့အပြုံးများဖန်တီးနိုင်ဖို့

No comments:

Post a Comment