Saturday, April 6, 2013

နင်နဲ့ ငါအကြောင်း

ရေး - ဟန်ထူးလွင်
ဆို - အုပ်စု

နင့်ရည်းစား ငါ့ရည်းစား အကြောင်းပြောရင်းနဲ့ နင်နဲ့ ငါ့သူငယ်ချင်းဖြစ်လာ
နင့်ရည်းစား ငါ့ရည်းစား အကုန်ပြတ်သွားတော့မှ နင်နဲ့ငါ ရည်းစားဖြစ်သွား

နင့်ရည်းစား ငါ့ရည်းစားအကြောင်းပြောရင်းနဲ့ နင်နဲ့ငါ ရန်ဖြစ်ခဲ့တာ
နင့်ရည်းစား ငါ့ရည်းစား အကြောင်းမကောင်းပြောရင်းနဲ့ နင်နဲ့ငါ ပြန်ချစ်လို့သွား

မနာလိုဖြစ်တဲ့သူတွေ ဝိုင်းပြောကြပါစေ အချိန်တန်ရင် မောသွားလိမ့်မယ်
အတင်းပြောသူတွေ ဟားတိုက်မိပါစေ အကုန်မြေကြီးထဲ ရောက်သွားလိမ့်မယ်

နင့်ရည်းစား ငါ့ရည်းစား ခေါက်ထားလိုက်ပါ ငါတို့လို အရေးမကြီးတော့ပါ
ဟိုတုန်းက လွန်ခဲ့တာကို ထိန်းချုပ်မရ ငါ့တို့နှစ်ယောက်မတွေ့သေးလို့ပါ

No comments:

Post a Comment