Saturday, April 6, 2013

စိတ်ပျက်စရာကြီး

ရေး - ဗီနိုထွန်း
ဆို - ဟန်ထူးလွင်

သုံးလိုက်တော့ ပစ္စည်းအကောင်းစား အိုင်းရှဲဒိုးဖိုးနဲ့ပဲ မွဲမလား
နီကြောင်ကြောင်ရဲနေတဲ့ နှုတ်ခမ်းက လော်ရယ်တစ်မျိုးကိုပဲ သုံးထား
အလုပ်ကအမြဲနောက်ကျတတ် အကြောင်းပြ ဗြူတီးစလွန်းများကိုပဲ မင်းသွား
ငါကိုယ်တိုင်တားနေတဲ့ကြားက တကယ်ပါဗျာ လှချင်တဲ့မိန်းမ

(ငါမှားနေပြီ) ကြာလာရင် မွဲနိုင်တဲ့အကြောင်းများ
ဒီလိုဆိုမဖြစ်တော့ဘူး မင်းသွား
ကမ္ဘာကျော်အောင် လှချင်တဲ့မိန်းမ စိတ်ပျက်စရာပဲ

ဖြောင့်စက်နဲ့ဖြောင့်လိုက်တော့ သုံးသောင်း ငါ့ကိုလည်းပြောပါဦး အကျိုးအကြောင်း
ဂျနီဖာရဲ့စတိုင်လို့ပဲပြောမလား အော်ဂလီဆန်ဖြစ်နေတဲ့ မင်းအလှ
ပေးတိုင်းလည်း မလောက်နိုင်တဲ့ ဈေးဖိုး လခထုတ်ရက်ကျတော့ အချိုးတစ်မျိုး
ဆန်ကုန်မြေလေးနေတဲ့မင်းက ကမ္ဘာကျော်အောင်လှချင်တဲ့ မိန်းမ

No comments:

Post a Comment