Sunday, April 21, 2013

တွေဝေနေလား


ရေး - အငဲ
ဆို  - ဝိုင်ဝိုင်း

ယုံကြည်ပါတယ် အချစ်ကို ဝေဖန်နေပြီတချို့ က မျက်ကန်းနေသူ
ကိုယ်လေအရင်အတိုင်းပါ ကြင်နာနေဦးမယ်
အချစ်ကို ယုံကြည်မြတ်နိုးသူ
ရောင်စုံခြယ်တဲ့လမ်းကို လွယ်လွယ်နင်လျှောက်ပါ
ချန်ထားခဲ့တော့အချစ်ဆုံး ကိုယ်လေ ဆုတောင်းမယ်
ပျော်ရွှင်နိုင်မယ့်သူ ပြည့်စုံစေခဲ့ဖို့ 

ဝေးသွားလို့ မဖြစ်ဘူးဆို ဝေဒနာတွေခံစားဖို့ 
နီးဖို့ တော့ စွန့် စားရမယ် ရင်ဆိုင်လိုက်ဦး
အတူဆုံနိုင်မယ့်လမ်းတွေ ကံကြမ္မာတွေပိုကြမ်းလို့ 
ထားခဲ့လည်း ခွင့်လွှတ်ပါ့မယ် မင်းလေးဘဝ သာယာစေခဲ့ဖို့ 

မကြုံစေချင်တဲ့အဖြစ်တွေ ကြုံလာပြီလေ ဒုက္ခတွေရဲ့ နွံထဲ
နင်လေထွက်သွားပါ ငါကျေနပ်တယ်
အချစ်ကို ယုံကြည်မြတ်နိုးမယ်
ဝန်ခံပါတယ် မင်းကို ကိုယ်ကတိပေးတာ အရှုံးပေးခြင်းမဟုတ်ဘူး
အကုန်ယူလိုက်ပါ ဒါပေမဲ့လည်းလေ အချစ်ကိုတော့ ထားခဲ့

No comments:

Post a Comment