Friday, April 19, 2013

ဒဏ်ရာရထား



ရေး - ဆောင်းဦးလှိုင်
ဆို  - ဇော်ဝင်းထွဋ်

ဝေဒနာခရီးအစပြုတော့ ဘယ်ကိုရောက်မယ် မသိလည်းသွားမယ်
အသည်းကွဲခဲ့ပြီ မင်းလေးနဲ့ အဆင်မပြေဘူး
ရင်ခုန်ခြင်း တိုးတိတ်ဖို့  ငါဟာ မိုးသားကြီးကို ငေးငေးကြည့်ကာ
ဒီအချိန် ဝေဒနာ ရထားကြီး ခရီးအစ

အေးစက်တဲ့ည လေဆန်ရင်း သွားမယ် ငွေရောင်လလို
ငါတစ်ယောက်တည်း တဖြည်းဖြည်းနဲ့ မိုင်တွေကျော်ပြီး
ချစ်သည်းဦးနဲ့ ကမ္ဘာခြားအဝေးဆီ

(ယုံကြည်နေတာတွေ ဒီကမ္ဘာမှာ ပြိုကျတော့
ရင်ထဲထိချက်က ပြင်းလွန်း
မှန်မယ်ထင်တာတွေ ဒီအချိန်မှာ အကုန်မှားတော့
ငါ့အသည်းလည်း အလွမ်းဒဏ်ရာတွေ ပို)

No comments:

Post a Comment