Monday, April 29, 2013

ပျက်စီးခြင်း

ရေး - ကေအေတီ

ဆို - အငဲ

အိပ်မက်နဲ့ စိတ်လေလွင့်ခဲ့သူ မျှော်လင့်တိုင်းမပိုင်တော့သူ
ပျောက်ဆုံးဆဲ အရွယ်နဲ့အတူ
ဘယ်သူမျှော်လင့်ဦးမလဲ

ဘဝကြီးတစ်ခု ရေတွင်းပျက်ပမာ ဆယ်မဖို့ ပြန်လာတဲ့အခါ
ရင်ထဲအထိ Hm မင်းကြည့်လိုက် အပျက်အစီးများ အချစ်ကိုစွန့်ပြီး

Oh အဆုံးမဲ့ လမ်းထက်မှာ
သူရဲကောင်းဘဝကို လိုက်ရှာ/ခြေလှမ်းများ လဲပြိုခဲ့ပြီ
အနာဂတ်နေ့တွေ ဆုံးရှုံးခဲ့ပြီ/အိပ်မက်တို့ လွင့်ပြယ်ပြီးဆုံးခဲ့ပြီ
ဟေ့ အားလုံးပျက်စီး/အားလုံးလည်း ပျက်စီး

ဒီလိုနဲ့ လမ်းတွေလွင့်ပျောက်သူ
ပိုပြီးဝေး အမှောင်ထုထဲ တိုး
ယင်ရိုးစွန်း ဘဝရဲ့ နေ့ရက်တို့
ဖြတ်သန်းရင်း အချစ်ကို စွန့်ပြီး

စွန့်လွှတ်ခဲ့သူအတွက်လေ ပြန်ပေးဆပ်ချင်လည်း
ငါ့ရဲ့အချစ်တို့ နွမ်းကြေ ပျက်စီးသွားခဲ့

ဒီလောက လှိုင်းမှ ငါလွင့်မြောက်သူ
အိမ်ပြန်လမ်း ပြန်လာခဲ့သူ
နက်ရှိုင်းသော အချစ်နဲ့ဝေးပြီ
အပျက်အစီးများ အချစ်တွေ စည်းခြားပြီ

6:30 PM 4/30/2013

No comments:

Post a Comment