Monday, April 1, 2013

မဟာဆန်သူ

ရေး - ကိုနေဝင်း၊ မောင်မောင်၊ ရဲသွင်
ဆို - ခင်မောင်တိုး


နှုတ်ဆက်ပြုံးနေသူရှက်လို့သွားအောင် တခြားလှည့်ကာကျောခိုင်းပြေးတော့မယ်ပေါ့
ပြန်ပါစေလေ မဟာဆန်စူရေ မတားနဲ့တော့
လက်နဲ့ဆက်လိုသူတွေ့ဖို့ခက်အောင် ပြတင်းတံခါးပိတ်ကာ ကြိတ်မှိတ်အိပ်တော့မယ်ပေါ့
မဟာဆန်သူရေ ပျော်ပါစေလေ မလွမ်းနဲ့တော့  အကျိုးနဲ့အကြောင်းမလွန်ခင်ရှင်းထားခဲ့ပြီးမှ
ဦးလှည့်လို့ ဘယ်ကို နှင်မှာလဲ ဆုံးဖြတ်တဲ့အတိုင်း မင်းရေးတဲ့ကံပေါ့

အနားတိုးလှမ်းလိုသူရပ်တန့်သွားအောင် အနောက်ဖက်မျက်နှာ ကျားကွက်ရွေ့လိုက်တယ်ပေါ့
နေပါစေလေ မဟာဆန်သူရေ မလှမ်းနဲ့တော့ လှသထက်နုယဉ်သူ မင်းမို့ပြုံးရင်
အနီးကအလှတွေခေါင်းငုံ့ထားကြမယ်ပေါ့
မဟာဆန်သူရေ အိနြေရှင်ရေ  မင်းအတွက် ပေါ့


No comments:

Post a Comment