ရေး - အရိုး
ဆို - Big Bag
ရေဒီယိုကိုဖွင့်ထားပါ အသံတွေထဲမှာ တစ်ခုခုမင်းရနိုင်တယ်
အဆင်ပြေလာရင် ငိုလိုက်ပါကိစ္စပေါင်းစုံ တံခါးခေါက်ထပ်ရောက်လာမယ့်
သေမင်းနဲ့မင်းက ငယ်သူငယ်ချင်းပါ သူဟာမင်းကိုအကောင်းဆုံးစောင့်ရှောက်ပါရဲ့
ပြတင်းပေါက်ကနေ လေချွန်လိုက်ပါ အမှောင်ရိပ်ထဲမှာ တစ်ယောက်ယောက်စောင့်ကြည့်နေမယ်
ဒါဟာဘဝပေါ့ မြေကြီးနဲ့ ကောင်းကင်ကြားက ရသလောက်ပါပဲ
ဒါဟာ ဘဝပေါ့ အဖုံးဖွင့်ထားရင် မင်းအကြောင်းမင်းတွေ့နိုင်မယ်
ဒါဟာ ဘဝပေါ့ကလေးတစ်ယောက်လိုခြေထောက်ဆောင့် စိတ်ကောက်နိုင်တဲ့
ဒါဟာ ဘဝပါ အဘိုးကြီးတစ်ယောက်လို တုတ်ထောက်ရပ်စောင့်နိုင်ရဲ့
အစီခံအတိုတွေ သွန်လိုက်ပါ ပြာခွက်ထဲမှာ အတွေးနဲ့ ထပ်ဖြည့်နိုင်တဲ့
ရယ်သံအဆိုးတွေ ယူလိုက်ပါ လူတွေအကြောင်းကို အကောင်းနဲ့ထပ်ဖြည့်နိုင်တဲ့
အသည်းကွဲဖူးရင် မှတ်ထားပါ ရန်သူငါးပါးမှာ နောက်ထပ် ထပ်ဖြည့်နိုင်တဲ့
မက်ကင်းနစ်တစ်ယောက်ခေါ်ပြင်လိုက်ပါ Congratulation မင်းဟောင်းတွေ့မယ်
ဒါဟာဘဝအတွက် မင်းနားအသက်ရှင်အသက်ရှင် စဉ်းစားမှားယွင်းနိုင်တယ်
ဒါဟာဘဝပါ စိတ်ကလွဲရင် အားလုံးထက်မြန်ပါရဲ့
ဒါဟာ ဘဝပါ မင်းကလွဲရင် လူတိုင်းရိပ်မိပါရဲ့
ဒါဟာ ဘဝပါ ရသလောက်နဲ့နေရဲဖို့ ကြိုးစားနိုင်ရဲ့
မှန်တယ်ထင်ရင် ဆက်တွေးပါ စေတနာကောင်းရင် သတင်းကောင်းကြားရနိုင်တဲ့
အကူအညီလိုရင်ယူလိုက်ပါ
မစဉ်းစားတတ်ရင်
စိတ်ထဲက အတိုင်းဝန်ခံလိုက်ပါ ငါ့ကိုသွားခဲ့ လမ်းမှာ တံတားတွေခင်းထားတယ်
9:35 PM 4/20/2013
![]() |
Big Bag |
No comments:
Post a Comment