Monday, April 1, 2013

မနက်ဖြန်များစွာရှိတယ်

ရေး - ဒိုးလုံး
ဆို - ဒိုးလုံး

မြင်နိုင်တယ် မျက်လုံးတွေ ကျွတ်ကျမသွားရအောင် မြင်နိုင်တယ် မျက်လုံးတွေရူးရအောင်
မြင်နိုင်တာတွေ အကုန်ငါလေ လိုချင်တယ် တကယ်အပိုင်သာရမယ်ဆို ရင် အဆစ်တောင်မတောင်းဘူး

ရင်ခုန်စရာသိပ်များတဲ့ လူ့ဘဝလောကမှာ ရင်ခုန်ပါ
နှလုံးတွေရပ်မရအောင်
ရင်ခုန်သံတွေမြန်နေရင် အရာရာဟာ တကယ်လှနေမယ်
အကောင်းကိုတွေးရင်

အားလုံးမေ့လို့ရရင် ကမ္ဘာမှာပျော်စရာကြီးပဲ
အားလုံးမေ့လို့ရရင် အရာရာအဆင်ပြေသွားမယ်
လုံးဝစိတ်ညစ်စရာမတွေးနဲ့ မနက်ဖြန်များစွာ ရှိတယ်

9:38 PM 4/8/2013

No comments:

Post a Comment