ရေး - ဒိုးလုံး
ဆို - ဒိုးလုံး
ငါ့ရဲ့စိတ်ကိုမောင်းနှင်ထားတာ (မင်းလေးပဲ)
နေ့တွေညတွေလည်းငါ မပိုင် နောက်ဆုံးတော့
အကုန်လုံးကို မင်းသိမ်းပိုက်သွား
(အိုး မင်းတစ်ယောက်တည်း)
လူ့ဘဝအဓိပ္ပယ် ငါ့ရင်ထဲမှာ (မင်းလေးပဲ )
အခြားဘာမှမလိုဘူး နေထိုင်ကမ္ဘာကြီးထဲ
ငါမင်းနဲ့ အတူလက်တွဲနေချင် (အိုး မင်းတစ်ယောက်တည်း)
နှလုံးသားမှာအဆုံးမရှိ ချစ်ခဲ့ လိုချင်တယ်
မင်းတစ်ယောက်တည်းကိုပဲ
ချစ်တယ် အချစ်ရေ လိုနေတယ်
မင်းတစ်ယောက်တည်းကိုပဲ
ရင်မှာမြတ်နိုးစွာနဲ့ ရင်မှာမြတ်နိုးပါတယ်
လောကကြီးကိုအလှဆင် ထားတာ (မင်းလေးပဲ)
သောကကင်းစွာနဲ့ ဖြူစင်သန့်ရှင်းတဲ့ နေ့များနဲ့
ငြိမ်းချမ်းမှုတွေပေး (အိုး မင်းတစ်ယောက်တည်းကိုပဲ)

No comments:
Post a Comment