Saturday, March 23, 2013

မအေးကိုချစ်လို့ပါ

ရေး - လွှမ်မိုး
ဆို - မာရဇ္ဇ
နွေပန်းသလေးများ တိတ်တခိုးအနမ်းနဲ့ ဝေဆာပွင့်ဖူးချိန် ရွက်စိမ်းနုနု
အချစ်ဖူးကလေးတွေ ရှင်သန်ပေါက်ဖွားကာ ဆန္ဒရှိတဲ့တို့ရဲ့အသိမှာ
တစ်နေရာဆီဝေးကွာ မမြင်လည်းလွမ်းတယ် မအေးရယ် ချစ်လို့ပါကွယ်
ခဲလုံးကလေးထိခဲ့ဖူးတယ် စာသူငယ်လေးရယ် နာကျင်ခံစားခဲ့ဖူးရင်
သူလေမှတ်ထားမယ် တို့ကတော့ မေ့ပျောက်လို့သာ အကြင်နာတွေ
မပျက်တာ ဘာကြောင့်လဲဟယ် မအေးရယ်ချစ်လို့ပါကွယ်
မမြင်သာမခင်သာ သူကြားမှာ ကိုယ်လေကျန်ခဲ့တောင် တမင်
တကာ ကျောခိုင်းလျှောက်လို့ လမ်းစပြောက်ကာ လေလိုလွင့်မြောချိန်
နေလို ကမ္ဘာသို့ အသင်င်္ချေဝေးလွန်း စံပြနေရာကိုလည်းလေ ပြေးသွား
ကြည့်ပါရှာမှာပဲလေ စကားမပြောတဲ့လောကကြီိကို ထိုင်ကာမငိုတော့ပါ
ပန်းကလေးများ မလန်းတဲ့အဖြစ်ဟာ နေရောင်မြင်လို့ပါ မငြိမ်းချမ်းတဲ့
စကားမပြောကာ အကြင်နာတွေမလျှော့တာ ဘာကြောင့်လဲဟယ်
မအေးရယ် ချစ်လို့ပါကွယ်

No comments:

Post a Comment