Monday, March 25, 2013

ရေလှိုင်း

ရေး -
ဆို - စန္ဒားလှထွဋ်

ရေလှိုင်းကလေးတွေ လွန့်လူးမြူးဝင့်လို့သာ
သောင်ပြင်မှာလေ ပျော်နေတာတွေ
ဟိုအဝေးကနေ လာသလားလို့
မေးလိုက်ချင်ပါတယ် အိုအဆွေ သင်ဘယ်လိုဖြေ

ကြုံဆုံတုန်း တွေ့ကြစဉ်တုန်းမလေ
ပျော်ရွှင်ပြုံး ရင်းနှီးပုံကလေးတွေ
ရင်မှာထွေးနွေး နှလုံးသားအတွေးနဲ့လေ
အိုကွယ် ပြန်ချင်ပါဘူးလို့ဆိုလေ

ရေလှိုင်းကလေးရေ ကိုယ်လည်းပဲ မင်းသို့သာ
သည်သောင်ယံဗွေ မခွာချင်ပါသလေ
ချစ်တေးကလေးတွေ ဆိုညည်းရင်း
ခရီးတစ်ထောက်မှာ ပြန်ချင်တော့ဘူးလေ

5:44 PM 3/22/2013

No comments:

Post a Comment