Monday, March 25, 2013

သူရဲကောင်း


ရေး -
ဆို - အေးချမ်းမေ

ငယ်စဉ်တုန်းမှာ ဒဏ်ရာဆိုတာမရှိခဲ့
လိုချင်တက်မက်မှုတွေရယ် ငါမသိခဲ့
ပျော်စရာအချိန်လေးများ ပြန်ဝယ်ချင်တယ်ပြန်မရဘူးလို့
ရင်မှာဒုက္ခရထားလေးတစ်စီး သူခုတ်မောင်းဆဲ…

ချစ်သောသူများလည်းစွန့်ခွါခဲ့ ရင်မှာခွင့်လွတ်စာနာလည်း
အချစ်တွေငါ့အတွက် အမုန်းဖြစ်ခဲ့ ငါ့ဘ၀အမှန်ဟာသုညပဲ
အနာဂတ်မှာသီချင်းနဲ့မွေ့ပျော်ရင်း ငါ့နေရာလေးတစ်ခုပြန်ရဖို့
အနှိမ်ခံဖြစ်ကာနေရတော့ ယုံပါ အားတော့မငယ်ချင်ဘူး

ခရီးအဝေးကို ရင်ဆိုင်ကျော်လွန်ဖြတ်သန်းဖို့
အဖော်မွန်တစ်ယောက်တော့ရှိချင်တယ် ငါမျှော်လင့်တုန်း
နင်တစ်ယောက်ထဲပါ စာနာနိုင်တာနင်တစ်ယောက်ထဲ
ကမ္ဘာမှာရှားမှရှားပါးပဲ နင်တစ်ယောက်ထဲ

ဒီအနင်းခံမြက်အတွက်မိုးရေစက် နင်ကိုယ်ကြိုးစွန့်ကြည်ဖြူခဲ့
ဘ၀ဟာအခုဆို အရောင်ပြောင်းလဲမယ့် သူရဲကောင်းဆိုတာ နင်တစ်ယောက်တည်း
အနာဂတ်ကိုအပြုံးနဲ့စောင့်ကြိုဖို့ အားအင်များလည်းနင်ပေးလို့
အနှိမ်ခံဖြစ်ကာနေရတော့ ယုံပါ အားတော့မငယ်တော့ဘူး

အိုး.. ဟိုး… နင့်ကိုပဲ ရင်မှာအသိအမှတ်ပြုတယ်
သူရဲကောင်းကိုယ့်ချစ်သူရယ် ကျေးဇူးပါပဲ
တစ်သက်တာလုံး ထာဝစဉ်ချစ်လို့သွားမယ်
နင့်တစ်ယောက်တည်း အတွယ်အတာဆုံးလေး
လိုတာလေးတွေဖြည့်ဆည်းပေး ဒီလိုအလိုက်သိတာတွေနဲ့
နင်ဟာငါ့ကိုတကယ်ချစ်ခဲ့ ငါ့အတွက်ကမ္ဘာဆိုရင် ယုံစမ်း
အနင်းခံမြက်ရဲ့သူရဲကောင်းလေးရေ ငါ့နေရာလေးတစ်ခုပြန်ရဖို့
အနှိမ်ခံဖြစ်ကာနေရတော့ ယုံပါ အားတော့မငယ်ပါဘူး
ယုံပါ အရှုံးလဲမပေးတော့ဘူး
4:27 PM 3/20/2013

No comments:

Post a Comment