Monday, March 25, 2013

ချစ်သူရဲ့ပုံပြင်

ရေး - A နွန်
ဆို -  A နွန်

ကျောင်းဝန်းထဲမှာ ငါတို့နှစ်ဦး
ပျော်ဖူးခဲ့တဲ့နေ့တွေရယ်
အတန်းသွားတက်ရင် အတူတူပဲ
ငါလိုက်ပို့တဲ့အခါ နင်ပျော်တယ်

ကျောင်းဆင်းတဲ့အချိန် ငါတို့နှစ်ဦး
အတူစားခဲ့တဲ့ ထမင်းဆိုင်လည်း
အခုတော့လည်းလေ အိမ်မက်အလား
နင်ကမေ့လို့သွားပြီထင်ပါတယ်

နင် ပုံပြင်လေးတွေ ပြောတယ်
ငါ အိမ်မက်လေးရယ် ပျောက်ကွယ်
အချစ်ရယ် နင်ရက်စက်တယ်

( ရိုမီယို ဂျူးလိယက် မမီနိုင်ဘူးဆို
အာဒမ် ဧ၀ထက် တို့ချစ်မယ်ဆို
ခုတော့လည်းလေ ပုံပြင်ထဲမှာချန်ထားခဲ့သူရယ်
နင်ငါနဲ့ဝေးပြီးတော့ မနေနိုင်ဘူးဆို
ငါတစ်ယောက်တည်းပဲ သိပ်ချစ်တယ်ဆို
အခုတော့လည်းလေ ငါနဲ့အဝေးကိုထွက်သွားခဲ့သူရယ် )
နင်ရက်စက်တယ်

4:55 PM 3/20/2013

A နွန်

1 comment: