Thursday, March 21, 2013

ဂျပ်ဆင်ထိပ်က လရိပ်ပြာ


ရေး - ထူးအိမ်သင်
ဆို - ထူးအိမ်သင်

နေဝင်ပြီဆိုရင် ကိုယ်လေငိုချင်တယ် ရင်မှာနာကျင်စွာ ဆွေးတယ် အဆောင်မှာမှောင်ရီ ဝိုးတဝါးနဲ့ နံရံတွေမှာ ပုံရိပ်ကလေးရယ် နှလုံးသားက အစွဲအလန်းများလည်း မီးလိုလောင်ကျွမ်းဆဲ
လွမ်းမိတယ်

ဂစ်တာသံတွေကိုယ်သီဆိုနေမယ် ရင်တွေခုန်စေတဲ့ သီချင်းရယ် အမှောင်မှာ အသာယာနားစွင့်ခဲ့ သူဟာခင်တွယ်နေမှာပါပဲကွယ် အရင်းနှီးဆုံး နှလုံးသားများနဲ့ နားလည်နေခဲ့လည်း
အခုတော့ကွယ်

ဂျပ်ဆင်ထိပ်က လရိပ်ကလေးသာရယ် (လွမ်းမိတယ်) အဆောင်သူလေးကို ဆွေးမြေ့လို့ကြေကွဲ (လွမ်းမိတယ်) သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ (လွမ်းမိတယ်) အမှောင်ရိပ်ထဲမှာ
တိတ်တဆိတ်မျက်ရည်ဝဲ

နွေကျောင်းပိတ်ရက်တွေလွန်ချိန်မှာ သူပြန်မလာနိုင်ပြီပဲ ဘာကြောင့်လဲကိုယ် မသိခဲ့ပါ ဂျပ်ဆင်ထိပ်က လရိပ်ကလေးပြာရယ်

ရင်ခုန်နေစဉ်မှာ မြင်ယောင်လာပြန်တယ် ပြာရီမှုန်ဝေတဲ့ အတွေးရယ် ကိုယ်ဟာမပီပြင်နိုးတဝက်နဲ့ အဆောင်သူရယ် အိပ်မက်ပေးတယ် မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲ
လိပ်ပြာငယ်လေးဝဲ အိုး အိုး အို

နေဝင်ပြီဆိုရင် ကိုယ်လေငိုချင်တယ် ရင်မှာနာကျင်စွာ ဆွေးတယ် အဆောင်မှာမှောင်ရီ ဝိုးတဝါးနဲ့ နံရံတွေမှာ ပုံရိပ်ကလေးရယ် မီးမထွန်းတဲ့ အခန်းကျဉ်းလေးထဲ လိပ်ပြာငယ်လေးဝဲ အိုး
အိုး အို

ဂျပ်ဆင်ထိပ်က လရိပ်ကလေးသာရယ် (လွမ်းမိတယ်) အဆောင်သူလေးကို ဆွေးမြေ့လို့ကြေကွဲ (လွမ်းမိတယ်) သူဘယ်ရောက်နေလဲ မသိတော့ပြီပဲ (လွမ်းမိတယ်) အမှောင်ရိပ်ထဲမှာ
တိတ်တဆိတ်မျက်ရည်ဝဲ

နွေကျောင်းပိတ်ရက်တွေလွန်ချိန်မှာ သူပြန်မလာနိုင်ပြီပဲ ဘာကြောင့်လဲကိုယ် မသိခဲ့ပါ ဂျပ်ဆင်ထိပ်က လရိပ်ကလေးပြာရယ်
10:57 PM 3/17/2013

2 comments:

  1. ​ကော့ဒ်​​လေးရှိလားဗျ

    ReplyDelete
  2. ​ကော့ဒ်​​လေးရှိလားဗျ

    ReplyDelete