ရေး - မျိုးကျော့မြိုင်
ဆို - မျိုးကျော့မြိုင်
မယ်မဒီလေးလား မှားမိတယ် သူကကွယ် သိပ်ချောချောလွန်းတယ်
ကေသာလေးက ပိတုန်းရောင်ခြယ်
လှနိုင်လွန်းတယ် ကာရန်လေးရယ်
အကြင်နာကြည့်တဲ့သူ့ မျက်လုံးတွေ
မြင်သူတကာတိုင်းလည်း စွဲကျန်လိမ့်မယ်
မှုန်မခြယ်ဘဲနဲ့ လှတဲ့အလှကို ကဗျာတွေဖွဲ့ လည်း မမီနိုင်ဘူးကွယ်
မြင်သူတကာတိုင်း လည်ပြန်ကာငေး
အခြေမခိုင်နိုင်ယိုင်လဲနေ
ကိုယ်တစ်ယောက်တည်း သည်လိုပါပဲ
သိပ်ချစ်နေပြီကွယ်
No comments:
Post a Comment