Sunday, March 31, 2013

မမေ့ပါနဲ့ 

ရေး - အောင်လ (Reason)
ဆို - အောင်လ (Reason)

ဒီလိုညမျိုးဖြတ်ကျော်တိုင်း ငါလွမ်းတယ် မင်းရဲ့ အကြောင်းတွေတွေးမိနေတယ်
အဆုံးအစမဲ့ငါ့ရဲ့ အရိပ်တွေ ဖြန့် ကျက်နေလည်း
မီးရောင်စုံတွေရဲ့ ကြားထဲပျောက်ရှဆဲ
နင်မလိုချင်တော့ရင် ဒါဟာအိပ်မက်တစ်ခုလိုပဲ နားလည်တယ်ထားခဲ့လိုက်

အရည်ပျော်နေတဲ့ညတွေတိုင်း တစ်ယောက်တည်းပဲ
ငါ့ရဲ့ အတွေးတွေခြောက်ကပ်နေတယ်
နှုတ်ဆက်တဲ့ စကားလုံးများစွာ ပျောက်ရှနေဆဲ

အစကငါမယုံဘူး မင်းအလှတွေမှာမူး
အချစ်အကြောင်းကိုမသိခဲ့ပါ အဆုံးသတ်မရှိတာကို
ငါ့လောက်မချစ်ရင်လည်း လှည့်ကြည့်မနေပါနဲ့ 
သွားလိုက်ပါမင်းရဲ့ လမ်းကိုတည့်တည့်ပဲ မင်းလိုအပ်ရင် ငါ့ကိုခေါ်ဖို့ မမေ့ပါနဲ့ 

No comments:

Post a Comment