Monday, March 25, 2013

ကြယ်

ရေး - မိုးမိုး
ဆို - မိုးမိုး

အကြိမ်ကြိမ်ရူးခဲ့ ရွှေရောင်လိုအိပ်မက်တွေ
ဒီလိုအဝေးပြေးခမ်းခြောက် လွင့်လို့ပျက်ပြယ်သွား
ဒဏ်ရာများနဲ့ နာကျင်နေငါ့နှလုံးသား
အလွမ်းများဆက်လက် သိမ်းပိုက်လို့သာထား

 ဖြူစင်လွန်းတဲ့ ကြယ်စင်လိုချစ်ခြင်းများ
ငါလေမင်းအတွက် တယုတယပေးဆပ်လို့သာထား
အလွန်ကွာဝေးတဲ့ ကြယ်စင်လိုဘ၀လေးကို
ငါမြတ်နိုးမိခဲ့တဲ့ ငါ့ရဲ့အပြစ်တွေပါ

ကြယ်ပွင့်လေးရေ ဘယ်အချိန်ဆင်းသက်လို့လာမလဲ
စောင့်စားခဲ့မိသူ ငါဟာအရူးပေါ့
ရောင်နီအလင်းရေ တဖြည်းဖြည်းပျောက်ကွယ်သွား
မျှော်လင့်တဲ့အချစ်တွေ ထာဝရဝေးပြီကွယ်

ဒီလိုအဖြစ်တွေ တချိန်မှာကြုံရမယ်
ငါလေသိလျက်နဲ့ ဆက်ချစ်ခဲ့သူပါ
ဘယ်လိုနည်းနဲ့မှ မကြင်နာနိုင်မှန်းကို
ငါလေသိလျက်နဲ့ စွဲလမ်းခဲ့သူပါ..

ဘယ်လိုနည်းနဲ့မှ မကြင်နာနိုင်မှန်းကို
ငါလေသိလျက်နဲ့ စွဲလမ်းခဲ့သူပါ

12:07 PM 3/23/2013

No comments:

Post a Comment