Monday, March 25, 2013

အမေ့အတွက်ကျတဲ့မျက်ရည်

ရေး -
ဆို - စိုင်းထီးဆိုင်

ရှမ်းပြည်နယ် ချောင်ကျကျတစ်နေရာမှာ
မွေးဖွားလာတဲ့ အမေသားလေး စိုင်းရယ်
ရှေးဘ၀ကံ ဘယ်လိုအကြောင်း
ဆုတောင်းမှန်းတော့မသိဘူးကွယ်
ပခုံးလက်နှစ်သင့်ကျော် လူဖြစ်စကထဲက
နှလုံးသားမှာလေ အစွဲအလန်းကြီးစွာ
ရင်မှာမမေ့နိုင် သံစဉ်လှိုင်းနဲ့ ဂီတသီချင်းတွေ

ဟိုးငယ်စဉ် အမေရဲ့ချစ်ရင်ခွင်မှာ
ချမ်းမြေ့စွာရယ် မောင်နှမများနဲ့အတူ
လွတ်လပ်စွာပျော်ရွှင်ဆော့ကစား
ငယ်ဘ၀များတော့ မမေ့ဘူးကွယ်
အမေ့ရဲ့ချစ်ရင်ခွင် အချိန်တန်လို့ခွဲခဲ့ရ
သီချင်းများကိုလေ ကျွန်တော့်ဘ၀အရိပ်လို
ခံယူရင်းကွယ် စင်ပေါ်ရောက်ခဲ့ အမေရဲ့သားလေ..

ဖြစ်ချင်တာတွေလည်း ဖြစ်ခဲ့ရသလို
မဖြစ်ချင်တာတွေလည်း လုပ်ခဲ့ရတယ်
ခွင့်လွတ်လို့နားလည်ပါအမေရယ် အမေ့နားမှာထိုင်ကာ
ပြုစုလို့ယုယချင်နေပေမယ့်လေ
ပရိတ်သတ်ရဲ့သီချင်းသည်တစ်ယောက်မို့
အချိန်တိုင်းမှာ အားလုံးအတွက် ပေးဆပ်ရင်းလေ
ရင်နာနာနဲ့ အဝေးကနေ လွမ်းအားပို သားမျက်ရည်စို့…

www.mmlyric.blogspot.com


No comments:

Post a Comment