Tuesday, March 26, 2013

ရည်းစားဦး


ရေး - လူမောင် (ဆေး-၁)
ဆို - ထွန်းအိနြာဗိုလ်

အလှဆုံး အိပ်မက်ထဲ အမြဲရှိသူ
အကြင်နာတွေကို အစားထိုးမရ
အနွံတာခံကာ တို့ ရဲ့ အကြိုက်ကို လိုက်ပြီး…

အရင်ဆုံး ဦးဦးဖျားဖျားချစ်မိသူ
ရင်ခုန်သံတွေကို အချစ်အသိဆုံး
ရည်းစားဦးမို့ ရူးမတတ်ချစ်တော့လဲ…

ယုံကြည်စွာနဲ့ နှလုံးသားလေး ပုံအပ်ထား
ဘယ်အချိန် ဘယ်အခါ မပြောင်းလဲတဲ့ သဘောထား
အသက်ထက်ဆုံး ချစ်နေမှာ ရည်းစားဦး   ဝူဝူး…

အပိုတွေကို မပြောတတ်တဲ့သူ…
အနေဝေးသွားလဲ အချစ်မအေးခဲပါ
ရင်မှာ လုံခြုံစွာ နွေးထွေးဆဲ
အမြဲရှင်းသန့် တဲ့အချစ်တို့ နဲ့ ချစ်နေမိ

တစ်ပွင့်ထဲပွင့်တဲ့ပန်းကလေးပေးခဲ့သူ
ရင်မှာဒီတစ်ကြိမ်သာပွင့်တဲ့ အချစ်မို့ 
ရည်းစားဦးအတွက် သီးသန့် ထား ထပ်တူမရှိ    ….
( အပိုတွေကိုမပြောတတ်သူ)



No comments:

Post a Comment