Tuesday, March 19, 2013

တစ်ကိုယ်တော်သုံးရာသီ

ရေး - နိုင်မြန်မာ
ဆို - လွှမ်းမိုး

ဆောင်းမှာနှင်းတွေကျတယ် အနွေးထည်မရှိရင်ချမ်းမယ်
ချစ်သူအနားမှာရှိရင် အကောင်းဆုံးအနွေးထည်
မိုးရွာထဲကိုသွားရင် ထီးမပါတော့စိုရွှဲမယ် ချစ်သူအနားမှာရှိရင် အအေးမိဖို့မလွယ်

ဆောင်းနဲ့မိုးနဲ့နွေ သုံးဥတုမင်းတွေ ပူပေါင်းလို့ တိုက်စစ်ဆင်တယ်
(ချစ်သူစစ်ကူပေးလာလှည့် ပါကွယ်)၂

နေ့လယ်ခင်းနေပြင်းတယ် အရိပ်ခိုဖို့လိုမယ်
ချစ်သူအနားမှာရှိရင် အရိပ်ထက်အေးတယ်

No comments:

Post a Comment