Monday, March 25, 2013

ငါ့ရဲ့လျှို့ဝှက်ချက်


ရေး -
ဆို - ဖိုးကာ

ရင်ထဲမင်းကြည့်လိုက်အချစ်ရယ်
မောပန်းလွန်းနေပြီ
အချစ်အကြောင်းမသိတဲ့ မင်းရဲ့အပြုံး
ရင်ကိုခြွေတဲ့ ပန်းများပွင့်
နှလုံးသားလှတဲ့ အကြည့်တွေ
ငါရင်ဆိုင်နိုင်ဖို့ မလွယ်

ရင်ထဲသိမ်းဆည်းထားတဲ့အကြောင်းတွေ
တကယ်မွန်းကြပ်နေပြီ
မ၀ံ့ရဲတဲ့ အငွေ့အသက်လေးကို
ခုံလှုံရာမျှော်လင့် နှလုံးသားနဲ့
သူငယ်ချင်းမဟုတ်တဲ့ မင်းအသည်းနှလုံး
ရင်ခုန်လာချိန် စောင့်မယ်

တို့.. မင်းနဲ့နီးချင်ပြီ မင်းအချစ်ရချင်ပြီ
ရင်မှာ အကြောင်းပြချက် ဘာမှမရှိ
ချစ်ခဲ့မိ သူပြောင်းလဲချိန်လေး
ရှင်သန်ခြင်းအသိမှာ မျောလွင့်ခွင့်
စောင့်စားခဲ့သည်

သူနှုတ်ခမ်းလေးများအထက်မှာ
ငါလွမ်းတတ်ခဲ့ပြီလား
သိမ်မွေ့နူးညံ့တဲ့ စကားတွေ
ရင်မှာလောင်ကျွမ်း ပန်းများပွင့်
ငါ မင်းရဲ့နွေးထွေးမှုမှာ
မဖြူစင်နိုင်တော့သူ

အချစ် မင်းမသိတဲ့ လျှို့ဝှက်ချက်
ငါခံစားရင်း ရူးပြီပေါ့
ငါ မင်းနှလုံးသား အဆုံးအဖြတ်လေး
ရင်ဆိုင်နိုင်ဖို့ သိပ်ခက်လို့
သူငယ်ချင်း ငါ့အတွက် လွမ်းတတ်ရင်
အချိန်မီ ပြန်ခဲ့မယ်

သူ့အပြုံး သူ့အမုန်း ငါ အရှုံးတွေ့မလား
ငါ့အသွေး ငါ့အသက် ငါ့ဘ၀တစ်ခုပါ

11:55 AM 3/23/2013

No comments:

Post a Comment