Monday, March 25, 2013

နှလုံးသားထဲမှာ

ရေး -
ဆို - စည်သူလွင်

မင်းမျက်ဝန်းလေးထဲ အဖြေတွေရှိမှာလား
မင်းနှုတ်ခမ်းပါးလေးက အပြာရောင်အိပ်မက်လား
ကိုယ်ရချင်တယ် ကိုယ်ချစ်ချင်တယ်
ဘာမဆိုကွယ်

စွဲလန်းရတဲ့အချစ် ယုံကြည်ပေးမှာလား
အမြင့်ကပန်းလေးတစ်ပွင့် ချူခွင့်ပေးမှာလား
မျှော်လင့်နေတယ် ရင်မောနေတယ်
ဘာကြောင့်လဲ

အပြုံးလေးတစ်စကို မင်းပေးလိုက်ရင်
နှလုံးသားထဲမှာ တသိမ့်သိမ့်တုန်
မူးမေ့လောက်တယ် ပြောတော့ယုံမှာလား
အသက်လောက် မင်းကိုသိပ်ချစ်တယ်
မင်းအချစ်မရရင် ရူးလိမ့်မယ်
နှလုံးသားထဲမှာအမြဲ သိမ်းဆည်းထားချင်တယ်
ချစ်သူရယ်

ဆည်းလည်းလေးလှုပ်ခတ် ချိုတဲ့စကားသံများ
အိပ်မက်ထဲကအလှ ဒီခြေလှမ်းတွေလား
အချိန်တိုင်းလိုကွယ် ကိုယ်တွေ့ချင်တယ်
ယုံပါကွယ်

5:31 PM 3/20/2013

No comments:

Post a Comment