ရေး - ရယ်ဂျီ
ဆို - လေးဖြူ
အရှုံးတွေထဲငါ
လဲပြိုရင်း အတိတ်တွေထဲငါ ပျောက်ဆုံးချိန်
မြင်နိုင်တယ်
ငါ့အနာဂတ်တို့ မှေးမှိန် ငါ ကျဆုံးချိန်
ငါ့ရဲ့ နဘေးကို
မင်းဝင်လာပြီး လဲပြိုကျသူငါ့ကို ထူပြီး
အဆီအငေါ်မတည့်တဲ့
ငါ့ရဲ့စကားတွေ နင်ငါခွင့်လွှတ်သည်းခံရင်း
တန်ဖိုးများမရှိတော့ဘူးလို့
ငါထင်နေတဲ့ဘဝ
မင်းရဲ့လက်မှာငါ
တစ်ခါပြန်လည်ကာ အသက်ဝင်တောက်ပ
ဝိုးဝိုး
နင်ဟာ အရှုံးတွေထဲမှာ မျောနေခဲ့သူ ငါ့ကိုဆယ်ရင်း
ပျော်ရွှင်ခြင်းကို
ငါ့ရင်ဘတ်မှာ တံဆိပ်လိုကပ်ရင်း
နင်ဟာ ငါ့အတွက်တော့
နင်ဟာ ငါ့အတွက်တော့ ငွေလမင်း
င့ါအိမ်မက်တွေ
ခြောက်ကပ်ရင်း လမ်းတွေတိုင်းဟာ ပျောက်ဆုံးချိန်
ဒါတွေမရှိတော့ပါ
နင်ဖန်ဆင်းတဲ့ ငါ့ဘဝမှာ
အားငယ်စိတ်တွေမရှိဘူး
ဘဝရဲ့ပန်းတိုင် ငါတွေ့ပြီ
နင်ဟာလမ်းပြတယ်
နင်ဟာ ငါ့ရဲ့ နတ်သမီး
No comments:
Post a Comment