အခြား သီချင်းစာသားဆိုဒ်များ

Monday, April 1, 2013

စိမ်း

ရေး - အလင်္ကာကျော်စွာရွှေပြည်အေး
ဆို - လွှမ်းမိုး


ရာသီကုန်ကူးမယ်
စီစီ ရီရီ ဖူးကာပွင့်ကြရာဝယ်  ဦးမှာတင့်လှပမကြွတကြွ ခိုင်ပန်းစုံတွေမယ်
ဆန်းကျယ်အဆင်အသွေးတွေနဲ့ လေဝှေ့နေရာဝယ် တစ်ဘာသာစိမ်း ညိုညိုချယ်
မြူးကာဆော့ကာတမျိုးယှက်သွယ်ညို့ချက်ကပိုင်ရက်ပါပေ
အနေခက်ဖို့ကွယ် တဖက်လူဖြင့်ချစ်ချင့်စဖွယ် ပန်မယ်ကြံရွယ်မထိုက်တန်ငြား သနားရန်သင့်တယ်မာန်ဝင့်တမြင့်မြင့်နဲ့ သီမပိုင်ကွယ်
မမှီနိုင်ဖွယ်ကိန်း  အောက်ကြို့ကာတိမ်း နောက်သို့သာယိမ်း အခါခါ မညှာတာတာရယ်
တပင်လုံးဝင်ပုံးနေတယ် မြနှယ်ချုပ်ထိမ်း ရောင်ဝါတွေလိမ်းတယ်

မြစိမ်းပင်ရယ်မခင်တွယ်လေတော့ာကင်ဖယ်လေရော့သလား
ပန်းပန်လျှင်နန်းဟန်ပြင်လို့ ပန်ချင်သူကများ
အမှုထားတာတွေ ပမာတင်ထာဝစဉ်မှတ်သွားကြတဲ့ စကားကိုဆိုမယ်
တစ်ဦးမေတ္တာ တစ်ဦးမှာ ဥပက္ခာပြုတာမကြည်မသာ ယိမ်းဖယ်ဖီလာ မတိမ်းနဲ့စိမ်းရယ်
ဘုံဝယ် မျက်မှန်ညှိုးကာသုန်မှုန်ဆင်းသက်လို့  လေပြင်းဖျက်တော့မယ်
ကြွေလင့်ချက်နှင့်ဝေးယောင် အတွေးပျက်အောင်ရှောင်စေချင်တယ်
မြင့်ခေါင်ဦးမှာကွယ် မြူးထူးလို့မနေသင့်တယ် စိမ်းရယ်
လေဝင့်တိမ်းတဲ့အခါမှာ စရာလွယ် အာကာဝဋ္ဌာထဲ တဝဲဝဲ နဲ့လွဲရော့မယ်
မာလာလေးနဲ့ တစ်ရွာတစ်ကျေးကွာဝေးရင်ကွယ်အဆွေးပင်လယ်
(မြစိမ်းပင်ရယ်                  ဖီလာမတိမ်းနဲ့စိမ်းရယ်)
ဂုဏ်ယူဝံ့ကြွားသားနားတင့်တယ်ပင်ယံမြင့်ကစိမ်းပန်းတစ်ပွင့်ရယ်
ကြိုဆိုနေလင့် ပန်းပွင့်ပါပေါ့ကွယ် လှမ်းအသင့်မြန်းအသင့်ယူမည့်အရေးနှယ်
ကူညီစိတ်တွေးစိတ်အေးနိုင်ဖွယ်ငေးမှိုင် သုန်မှုန်မြူရန်ချင့်ကွယ်
အဆင့်ဆင့် စကားကြွယ်ပန်ကြားပါတယ် ပြန်လှန်သနားကွယ်
အားနွဲ့သူမှာအများနဲ့မတူသာရှာ  ကြည့်ရင်သိမယ် ဇရာမရှိ သဒ္ဒါအတိကြွယ်
စာနာပါဦးမမုန်းတမ်းအပြုံးကမ်းနိုင်ဖွယ် ကျယ်
(မြစိမ်းပင်ရယ် ဖီလာမတိမ်းနဲ့စိမ်းရယ်)

No comments:

Post a Comment