အခြား သီချင်းစာသားဆိုဒ်များ

Monday, April 1, 2013

နတ်သျှင်နောင်

ရေး - မြို့မငြိမ်း
ဆို - လွှမ်းမိုး


တပ်တော်ဦးဆီ မျှော်လိုက်ပြန်တော့ ရဲတွံခွန်တွေ လေကစားကြွားတလူလူ ဝေတို့တပ်တော်ဦးဆီ
မျှော်လိုက်ပြန်တော့ တံခွန်တွေအလံတွေ ရဲမာန်ပွားလောက်ပေ သေပစေ
ရင်ကိုမြေကတုတ်လို မဆုတ်မတွန့်မရွိ့တဲ့သူတွေ သတ္တိပြောင် ထောင်ထောင်မောင်းမောင်း
သူရဲကောင်းတို့ လက္ခာညီစေ မြင်းသည်တော်တွေ ဆင်သည်တော်တွေ
မြင်းကတုတ်ဆင်ကတုတ်တာတွေ အစောင့်အဝစီမံ ဗိုလ်ခြေစစ်သည်တွေ
တသီတတန်း စစ်စခန်းချရာမြေ

တောင်ကညို ပြိုတော့မယ် မှိုင်းမှိုင်းမှုန်ဝေ မိုးသက်တွေ လေတွေဝှေ့လို့ တရွေ့ရွေ့ ယူသလေ
တိမ်ဦးလေပြေ လွမ်းရတဲ့ဖြစ်လွမ်းငွေ့ဝေ ဖော်မစုံ ကျွမ်းလွမ်းစိတ်တွေ
ပွေ ချစ်တဲ့သူဓတု ကလျာဆွေ လွမ်းရတဲ့အဖြစ်အင် ထင်မြင်မိသေးတယ် ဘုရားတိုင်စစ်ချီရတုတွေးရေးလို့ရယ် ကျေးငှက်ကို စေလိုစေ ဖြေလည်းငယ်ပြေ
ပြေနိုင်ပါဘဲ စစ်ထွက်ဆဲတောင်ငူဘုရင်မှာ လေလွမ်းစာတွေ ရွှေပေထက်မှာ ထင်ရှားပေ ရတုအတော
ပေါ်နွေလလျှင် တောင်ကချိန်မြူး မင်းလွင်ဦးနှင့် ပြန့်ပြူးခြုံဆိုင်း
မုန်တိုင်းဆင်လို့ တိမ်ညိုမှိုင်းထက် လျှက်လက်ပြကာ စိမ်းဝါမိုးပန်း
ထွေထွေသွန်းက ရည်ညွန်းသာကြည် ပျော်ရမည်ကို မြရည်ပက်မှရောက်ခဲ့လတ်ဟု
ချစ်ထွတ်တင်သည်ပြာစင်မွန်လတ် ဖြူဝင်းမွတ်လျှင် ကြာညွတ်ဖယောင်း နေရှိန်ပြောင်းသို့
ထပ်လောင်းလောင်းဝှန် ရှိလိမ့်ဟန်ကို တိမ်ညိုလေလျှင်
ဖူးရောက်ချင်သည် ငှက်သွင်ပျံ ကြွမတတ်သော်
ပိတောက်တွေရွှေရည်လူးကြမယ့်  အနေပုလဲငုံ စံပယ်ဖြူ ဖူးခိုက်ဝေဝေ
ပန်းမျိုးစုံ ရာသီစုံ  ကူးခဲ့ပေါ့လေ  ချစ်သူကိုရည်စူးဖူးတဲ့ လို့ခြွေ
ကိုယ်တိုင်လှရာ ရာရွှေးဆင်မပေးရ  ဆံမြညှာကေ စစ်မြေမှာကြာညောင်းရက်ရှည်
ရောက်မယ်အထင်နဲ့  မျှော်တဲ့သူပူဗျာ ဝေတတွေးတွေး ဆွေးရှာရော့မယ်လေ
(တောင်ကညိုပြိုတော့မယ် ရွှေပေထက်မှာတင်ရှာပေ)

No comments:

Post a Comment