ရေး - မျိုးမြင့်လေး
ဆို - လွှမ်းမိုး
မေတ္တာပုလဲ ပန်းများ သီကြရာဝယ် လွယ်သည်လည်းရှိမယ် ခက်သည်လည်းရှိမယ်
တွဲလျှက်ကွယ် ကြင်နာမြတ်နိုး အမျိုးမျိုးပင်ချစ်တတ်ကြပေတယ် သောတာပန် သက်တဆုံး ဆုံးဖြတ်ချက်ချကာ ကိုယ်စီရယ်
မုန်တိုင်းထန်ထန် လေဆန်ကိုလိုက် လေရွက်တိုက်သလိုကွယ် မိုက်တယ်ပြောအုံးတော့ ချစ်သူအတွက်ပေပဲမို့ အခက်အခဲဟူသမျှ အားလုံးလွယ်ရပါ သည်ကွယ်
အကြောင်းလှလို့ပေါင်းကြရတဲ့ သူများမှာတော့ကွယ် မိုးမမြင်လေမမြင် ပျော်လို့မဆုံးလို့ရယ်
ပြုံးလို့ကွယ် ဆုံးဘဝတိုင်ရယ်လို့တကယ် နှစ်ကိုယ်တူအသက်ပေးချစ်မယ်
အခက်အခဲဟူသမျှ အားလုံးလွယ်ရပါ သည်ကွယ်
အဆင်မပြေသူတွေမှာကွယ် နှစ်ယောက်သားကျောချင်းကပ်ခါ လာရာလမ်းကို ပြန်ကြတယ်
ငိုတဲ့ာသူလည်းရှိမယ် ရယ်တဲ့သူလည်းရှိမယ် အသက်ပေးချစ်ရင် တချက်ကလေးအပြစ်မမြင်
ယခင်အခါက ဆိုတဲ့သူများရယ်ကျွန်တော် တို့ အချစ်ရယ် မပျော်ဘို့သာဘဲဖြစ်တယ်
အမျိုးမျိုးအဖုံဖုံစုံအောင်ပြောကြတယ် လွယ်မယောင်နဲ့လည်းခက်မယ် တိမ်မယောင်နဲ့လည်းနက်မယ်

No comments:
Post a Comment