အခြား သီချင်းစာသားဆိုဒ်များ

Monday, April 1, 2013

တက္ကသိုလ်မှာဝေတဲ့နှင်း

ရေး - ကိုလေးလွင်
ဆို - လွှမ်းမိုး

နှင်းမှဟုတ်ရဲ့လား နှင်းကလေးတွေမှဟုတ်ရဲ့လား သံသရတောအလယ်မောတယ်အချစ်ရယ်
ပန်းချီကဗျာ ထက်လှရဲ့ သီလာတက္ကရဲ့ ကျွန်းညှို မိုးမြေနိမ့်အောင်မာလာဆောင်သို့
မြူနှင်းတို့ဝေတဲ့ကာလ ချမ်းမြမြ ဟေမာန်ဝယ်လှပုံလေးလဲ တမျိုးရယ်
တစိမ့်စိမ့်လေးလဲအေးတယ် တသိမ့်သိမ့်လေးလဲတွေးစရာလေးတွေရှိနေသည်မို့
တက္ကသိုလ်မှာဝေတဲ့နှင်းရယ် နှင်းကလေးတွေမှဟုတ်ရဲ့လား နှင်းကလေးတွေမှဟုတ်ရဲ့လားကွယ်
ချစ်တဲ့သူရယ်သည်လိုရှုခင်းမြင်ရခြင်းကိုက ရွင်ပြအား ရလှပါတယ်
ကံ့ကော်မြိုင်တန်းအလယ် မြောက်ပြန်လေကလေးတချက် ကသုတ်ကယတ် တိုက်ခတ်သည့်အခါဝယ်
ချစ်သူကိုယ်ရနံ့မွှေးပျံပျံကို ပြန်လည်သတိရအောက်မေ့မိပါတယ်
တစ်နေ့တမျိုး တစ်နေ့တမျိုး ပြောင်းလဲတတ်တဲ့စိတ်အစဉ်ကိုလျှင်နားလည်ရန်ပင်ခက်ခဲ့
သည်တော့လည်းမသိချင်တော့ပါဘူးကွယ်
တက္ကသိုလ်မှာဝေတဲ့နှင်းရယ် နှင်းကလေးတွေမှဟုတ်ရဲ့လား တွေးတောရင်းအဖြေရှာလိုပြီကွယ်



No comments:

Post a Comment