ရေး - လင်းမောင်မောင်
ဆို - မာရဇ္ဇ
မိုးသားတွေပဲ ကြည်လင်သွားသလို
အချစ်များခူးခြွေလိုက်စမ်းမင်းလက်နဲ့ အကုန်လုံးပေးချင်လို့
မင်းသိလျှက်သားနဲ့ ငါ့ကိုချန်ရစ်ထားခဲ့
ရင်မှာရှိုင်းစိုင်းလွန်းတဲ့ နေ့တွေပျက်စီးသွား
အမျှော်လင့်ဆုံးလှပအိမ်မက်များမင်းကဆေးချယ်ထား
အချိန်တွေရင့်ကျက်လို့ ငါ့ရင်တွေကွဲ
ငါတစ်ယောက်တည်းအလွမ်းများနဲ့ မိတ်ဆွေဖွဲ့ဦးမယ်
အချစ်တွေပျောက်ဆုံးခဲ့ ဆိုးဝါးလွန်းတဲ့ညတွေ
ရေတွက်ရင်းမိုးလင်းခဲ့တာ အကြိမ်ပေါင်းမနည်း
ဘယ်ဆီမင်းရောက်နေလဲ
ရင်ခုံချို အနမ်းများတို့ပျောက်ကွယ်ပြီ
လှိုင်းကြမ်းတွေလည်းငါဖြတ်ကူးမယ် မျှော်လင့်ချက်တွေအကုန်လုံးပျောက်ရှခဲ့
ငါအသည်းကွဲညများလုံးဝ မကုန်ဆုံးတော့ ချစ်သူကိုရှာရင်းနဲ့
သံစဉ်အပေါစားတစ်ပုဒ်နဲ့ အလွမ်းတွေဖန်တီ်းတတ်ပြီ

No comments:
Post a Comment