ရေး - လင်းမောင်မောင်
ဆို - မာရဇ္ဇ
အချိန်တွေကိုဖြတ်ခဲ့ပြီ ငါ့ရင်ခုံသံများကိုစတေးပြီး
ဒဏ်ရာတွေခမ်းခြောက်အောင် ရင်းခဲ့တဲ့နာကျင်မှု
ဘာတွေရခဲ့ချင်လဲ ငါ့အတွက်အကုန်ဖြစ်ချင်နေ
ပုံမှန်တွေမရှိတဲ့ ဒီညတွေကိုတွယ်ဖက်လို့
ရယ်သံတွေရိုက်ခတ်နေ နားများလည်းပူလောင်လို့
အမှောင်တွေရဲ့ အနောက်ဖက်က လင်းလက်တဲ့ကြယ်များက
ဘာတွေဖြုန်းတီးချင်လဲ ညတစ်ခုကို အသက်သွင်းမယ်
ငိုသံတွေ အကုန်နင်ထားခဲ့လိုက်တော့
အတိတ်ကိုရပ်တန့်လိုက်အုံး
နေရောင်ခြည်တွေဟာဖူးပွင့်လို့
နေ့စဉ်အမှောင်တွေကိုရင်းနှီးခဲ့
တစ်ခုခု ထားခဲ့လိုက်
တစ်ခုခု ပေးဆပ်လိုက်
ဘဝတစ်ခုရုန်းထွက်ဖို့
တစ်ခုခုရင်းနှီးလိုက်

No comments:
Post a Comment