ရေး - ဂျက်မြသောင်း
ဆို - လေးဖြူ
အကြင်နာရယ်
မင်းပြောခဲ့တဲ့ စကားတွေ ဘယ်ဆီကို ရောက်လို့သွားလဲ
အခုကျတော့
သူစိမ်းအကြည့်တွေကြည့်ကာ
(တစ်နေရာရာမှာ
မြင်တွေဖူးသလား နင်ပြန်ကာစဉ်းစားကြည့်နေသလား)
မေ့လက်စ မုန်းမေ့ပါတော့ကွယ်
မခေါ်ချင်သူ ဘယ်လိုရှင်းပြ ငါဘယ်သူ မင်းသိဖို့မလွယ်ဘူး
စဉ်းစားပါဦး
တွေးကြည့်ပါဦး ငါ့မှာ ဘာအပြစ်ရှိလို့မုန်းတာလဲ
ငါ့ရဲ့အချစ်ဆုံး
မုန်းသွားပေမယ့် မင်းကိုမျှော်လင့်ရင်းနဲ့စောင့်နေမယ်
ပြန်ခဲ့ပါ
ပြန်ခဲ့ပါ ပြန်လာပါတော့
No comments:
Post a Comment