Monday, April 1, 2013

နောက်ကောက်

ရေး - ဖိုးချို
ဆို - ဖိုးချို

ဘယ်လောက်ပဲ သမာဓိအားကောင်းပါစေ မလွယ်ပါဘူး
စာပေကျမ်းဂန်လာ ရသေ့ကြီးတစ်ပါး သက်သေမရှိဘူး

လောကကြီးက ထူးဆန်းတယ်
မုဒုလက္ခဏာ ဇတ်တော်အတိုင်း အားလုံးအချစ်နဲ့ အတွေ့မှာ
ပြောင်းလဲသွားတတ်တယ်

ဟိုအရင်တွေးတောင်မကြည့်ဖူးခဲ့တဲ့ အခြေအနေနဲ့ ကြုံဆုံလာ ကိုယ့်ကိုယ်ကို အံ့ဩလို့ မယုံနိုင်ခဲ့

ကိုယ်တိုင်ထိမှ သိတော့တယ် အတန်အစား အနိမ့်အမြင့် မရွေးသူတိုင်း တစ်နေ့နေ့အချစ်နဲ့အတွေ့မှာ နောက်ကောက်ကျတာပဲ

ဆင်ခြင်ညဏ်အတွေးအခေါ် အသိတရား ဘာမှမကယ်နိုင်ဘူး
ဘယ်လိုအတွေ့အကြုံရှိလည်း ချစ်တော့ကိုယ်လေရူး

(ဝူး ကိုယ်တော့ နောက်ကောက်ကျပြီကွယ်)

10:00 PM 4/8/2013


No comments:

Post a Comment