ရေး - မာရဇ္ဇ
ဆို - မာရဇ္ဇ
အရာအားလုံးထက်ကြီးမြတ်သော အချစ်တို့နဲ့ပေးအပ်ချစ်ခဲ့တယ်
ပြန်ရလိုက်တဲ့ခါးသီးမှုနှလုံးသွေးနဲ့ရင်းလို့ အစွန်းရောက်ခဲ့
အချစ်မှာအထိနာခဲ့ပြီလား ကဉ္ဇနာရေ ကျောခိုင်စွန့်လွတ်
အဝေဆုံးပြေးအခမ်းနားဆုံးသော ဒဏ်ရာတွေထွေးပိုက်ရင်း
အချစ်နဲ့အားလုံးအရှုံးနိမ့်ပေးသွားနှလုံးသားကွဲပျက် သူသေဆုံးခဲ့ရ
အဆိုးဝါးဆုံးအဖြစ်နဲ့
အချစ်ဆုံးပေးတဲ့ရက်စက်မှု သွေးပျက်မတတ်ထိတ်လန့်အံ့သြမိ
နာကြည်းမှုနဲ့နှလုံးသားတစ်ခု ဓားသွားအလားစိမ်းကားထက်မြက်ခဲ့
No comments:
Post a Comment